ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၃၊၂၀၂၄
နောင်ထောဝ်ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်မှ အကြောင်းမဲ့လေယာဥ်ဖြင့် လာရောက်ဗုံးကြဲ၍ စစ်ရှောင်ပြည်သူ ၂ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၂ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် နောင်ထဝ်ကျေးရွာကို စစ်ကောင်စီတပ်မှ အကြောင်းမဲ့ ရုတ်တရက် လေယာဥ်ဖြင့် ဗုံးသုံးကြိမ်လာကြဲသောကြောင့် ကယန်းပိုင်းရှိ စစ်ရှောင်တစ်ဦးနှင့် ကုလားလမ်းရွာရှိစစ်ရှောင်တစ်ဦး ထိခိုက်သေဆုံးရကြောင်း ဆိုသည်။
” ၂ယောက်သေတယ်တဲ့။ ကယန်းပိုင်းကတစ်ယောက်၊ ကုလားလမ်းကတစ်ယောက်လို့ပြောတယ်။ ဒီမနက်မီးသဂြိုလ်ပေးတာ။ အဲ့လိုပြောတယ်။ ကျွန်မတို့လည်း မနေ့ညကထဲရှောင်ရတော့လေ။ ရွာမှာလူတွေသိပ်မကျန်တော့ဘူးလို့ပြောတယ်”ဟု ထွက်ပြေးလာသူ ဒေသခံအမျိုးတစ်မီးတစ်ဦးက ပြောသည်။
စစ်တပ်မှ ရုတ်တရက် ဗုံးလာကြဲသဖြင့် လူထိခိုက်သေဆုံးမှုရှိသလို လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
PNLO တာဝန်ရှိသူတစ်ဦးကလည်း”မနေ့ညက ဘယ်လိုဖြစ်လည်းဆိုတော့ နေရင်းရုတ်တရက်လာကြဲသွားတာ၊ စစ်ရှောင်တစ်ယောက်လား နှစ်ယောက်လားထိတယ်။ ကယန်းပိုင်းကစစ်ရှောင်မှာလာချ။ ဒီမှာက တိုက်ပွဲတွေ ဘယ်နေရာမှမရှိဘူး။ သူတို့ပဲလာချပြီးတော့ ဒီကရှိတဲ့ သူတို့စခန်းမှာတောင် သူတို့မရှိတော့ဘူး ထွက်ကုန်ပြီ။”ဟု ပြောသည်။
“တိုင်းပြည်ကိုအုပ်ချုပ်တာ နိုင်ငံကိုအုပ်ချုပ်တာက ဘယ်နေရာ ဘယ်ဒေသမှာမဆို သူ့ရဲ့ပြည်သူ သူ့ရဲ့ပရိတ်သတ်တွေပဲလေ၊ ဒါက ပြည်သူလူထုတွေ သူ့ကိုသွားလုပ်နေတာလည်းမဟုတ်ဘူး။ အဖွဲ့အစည်းတွေက သူ့ကိုသွားလုပ်တာလည်းမဟုတ်ဘူး။ နေရင်းရုတ်တရက်လာလုပ်တော့ စိတ်မကောင်းဘူးပေါ့။”ဟု သူကဆက်ပြောသည်။
နောင်ထဝ်ကျေးရွာသည် အိမ်ခြေ ၆၀၀ ကျော်ရှိပြီးကရင်နီပြည်မှ လူမျိုး ဘာသာပေါင်းစုံ စစ်ရှောင်များလာရောက်ခိုလုံသည့်ဒေသတစ်ခုလည်းဖြစ်သည်။
ယမန်နေ့ည လေယာဥ်ဖြင့် လာရောက်ဗုံးကြဲမှုကြောင့် ဒေသခံများနှင့် ထိုဒေသရောက်နေသည့်စစ်ရှောင်များ ထိပ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Leave a Reply

Your email address will not be published. Required fields are marked *