ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၃၊၂၀၂၄
ကိုးကန့်ဒေသရှိ စစ်ကောင်စီ လက်အောက်ခံ ရုပ်သေးရုပ်အဖွဲ့များ၏ ပိုင်ဆိုင်သည့်ဥစ္စာပစ္စည်းများ ရောင်းဝယ်ခြင်းနှင့် လွဲပြောင်းမှုများ မပြုလုပ်ရန် MNDAA ထုတ်ပြန်ချက်အရ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသရှိ ကိုးကန့်တပ်မတော် MNDAA က စစ်ကောင်စီလက်အောက်ခံရုပ်သေးရုပ် ခေါင်းဆောင်များ၏ တရားမဝင် စည်းစိမ်ဥစ္စာပစ္စည်းများ၊ မြေယာ၊ ကားများ ဌားရမ်းခြင်းများကို ရပ်ဆိုင်းထားရန် ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
ထို့အပြင် စစ်ကောင်စီမှ ကိုင်ဆောင်ခွင့်ပေးထားသည့် လက်နက်ခဲယမ်းများကိုလည်း MNDAA ထံသို့ လာရောက်အပ်နှံရန် ဆိုထားပါသည်။
အဆိုပါ လက်နက် ခဲယမ်းများကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နောက်ဆုံးထားပြီး လာရောက်အပ်နှံရန်နှင့် လာရောက်မအပ်နှံပါက ဥပဒေဖြင့် အရေးယူမည်ဟုဖော်ပြထားသည်။
လက်ရှိတွင် သက်ဆိုင်ရာဥပဒေစည်းမျဉ်း စည်းကမ်းများ မပြဌာန်းရသေးခြင်းကြောင်း အငြင်းပွါးမှုပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်နိုင်သည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်အသိပေးရခြင်းဖြစ်ကြောင်း ဆိုသည်။
ပြဠာန်းမှုများအပေါ် လိုက်နာမှုမရှိဘဲ အိမ်ယာဆောက်ခြင်း၊ မြေယာနှင့် မော်တော်ယာဉ်များရောင်းဝယ် လွဲပြောင်းခြင်းများကို သက်ဆိုင်ရာဌာနခွင့်ပြုချက်မရှိဘဲ ပြုလုပ်ပါက တရားမဝင်လုပ်ဆောင်မှုဟု သတ်မှတ်ကြောင်း ဖော်ပြထားသည်။
အိမ်သုံးယာဉ် အသုံးပြုပါက ၄င်းတို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ ထောက်ခံစာထုတ်ယူနိုင်ကြောင်း ပြောဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *