ခမ်းသားငေါဝ
ဇန်နဝါရီ ၂၃၊၂၀၂၄
နမ်းခမ်းမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)မှ တပ်သားများစုဆောင်းခြင်း၊စစ်ရေး၊ အုပ်ချုပ်ရေး၊ ငွေကြေးကောက်ခံရေးကိစ္စရပ်များ ဆက်လက်မလုပ်ဆောင်ရန် (PSLF/TNLA)မှမေတ္တာရပ်ခံထားပါသည်။
ရှမ်းမြောက်၊ တအာင်းတပ်မတော်(PSLF/TNLA)မှ သိမ်းပိုက်ရရှိထားသည့် နမ်းခမ်းမြို့နယ်အတွင်း SSPP/SSA မှ တပ်သားများစုဆောင်းခြင်းအပါအဝင် စစ်ရေး၊ အုပ်ချုပ်ရေး၊ငွေကြေးကောက်ခံရေး ကိစ္စရပ်များကို ဆက်လက်မလုပ်ဆောင်ရန် PSLF/TNLA က ဇန်နဝါရီလ (၂၁)ရက်တွင် ထုတ်ပြန်ပေးပို့ထားကြောင်း သိရသည်။
နမ်းခမ်းမြို့ဧရိယာအတွင်း စစ်ကောင်စီများအား ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီး ယခုအချိန်တွင် မိဘပြည်သူများသည် လွတ်လပ်သည့်ပြည်သူများဖြစ်ကြောင်း၊ (PSLF/TNLA)မှလည်း မိဘပြည်သူများ၏ ဆန္ဒအတိုင်း နမ်းခမ်းမြို့နယ် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးလာစေရေး တာဝန်ယူဆောင်ရွက်နေပြီဖြစ်ကြောင်း ဆိုထားသည်။
မိဘပြည်သူများသည်လည်း စားဝတ်နေရေးအတွက် အကြပ်အတည်းထဲ ရောက်ရှိနေသည့်ကာလလည်း ဖြစ်သည့်အတွက်ကြောင့် SSPP/SSA အနေဖြင့် မိဘပြည်သူများ၏ သဘောတူဆန္ဒများကို ဆန့်ကျင့်ပြီး အဆိုပါကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်ပါက မလိုလားအပ်သည့်ပြဿနာများ ပေါ်ပေါက်နိုင်ကြောင့် မေတ္တာရပ်ခံလွှာအား ပေးပို့ရခြင်းဖြစ်ကြောင်း ဆိုထားသည်။

You missed