ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၂၊ ၂၀၂၄
အချစ်ရေးပိုင်ဆိုင်ရာစုစည်းမှာ Facebook page မှ ဖြန့်လာသည့် တိုက်ပွဲဗီဒီယိုသည် မဲနယ်တောင်ဒေသ ဒုံလုံးဟီး (စံဖူး) ကျေးရွာက မဟုတ်ကြောင်း စံဖူးဒေသခံတစ်ဦးမှ အတည်ပြုပြောကြားလာသည်။
ထိုဗီဒီယိုဖိုင်သည် ဇန်နဝါရီ ၂၂ ရက်မနက်ပိုင်းက ဖြန့်ဝေလာခြင်းဖြစ်ပြီး ဗီဒီယို ဖိုင်ပေါ်တွင် ဇန်နဝါရီ ၂၁ရက်က ဟိုပုံးမြို့နယ် လုံးဟီးရွာတွင်း PNLA နှင့် PNO ပအိုဝ်း အချင်းချင်းတိုက်ခြင်ဟု ပအိုဝ်းဘာသာဖြင့်ရေးသားပြီးဖြန့်ဝေထားသည်။
“အဲတာကျွန်တော်တို့ရွာမဟုတ်ဘူး ဘယ်က ဗီဒီယို ကိုယူပြီးတင်လဲမသိဘူး။ ကြည့်တာနဲ့သိတယ် ကျွန်တော်တို့ရွာကမဟုတ်ဘူး “ ဟု လုံးဟီး (စံဖူး)ရွာသားတစ်ဦးမှပြောသည်။
လုံးဟီးရွာသားတစ်ဦးမှ “သတင်းအမှားတွေ ဝါဒဖြန့်တဲ့ သတင်းတွေကို မယုံကြည့်ဖို့ facebook ပေါ် ထပ်ဆင့် share တာတွေ မလုပ်ဖို့ သတင်းတွေကိုသေချာစိစစ်ပြီးမှ ဝေမျှတာတွေ လုပ်ပါ” ဟု သတိပေးပြောကြားထားသည်။
၎င်းဗီဒီယိုဖိုင်ကို ရှယ်ထားသူမှာ 1.7 k အထိရှိနေပြီး မှတ်ချက်ပေးသူ ၁၆၀ ထိရှိသည်ကိုတွေ့ရသည်။
ထိုအပြင် သတင်းများကို ယုံကြည်စိတ်ချရသည့်သတင်းဌာနများထံမှ သတင်းများရယူရရန်နှင့် လူပုဂ္ဂိုလ်အကောင့်ဖြင့်ရေးသားတင်ဆက်သည့် သတင်းများကို ပြည်သူများအနေဖြင့် အပြန်အလှန် ဆန်းစစ်ပြီးမှ ဖြန့်ဝေရန်လိုအပ်ကြောင်း ၄င်းမှဆက်ပြောထားသည်။
ပြီးခဲ့သည့်ဇန်နဝါရီ ၂၁ ရက်နေ့ ဟိုပုံးမြို့နယ်ရှိ မဲနယ်တောင်ဒေသ၊ လုံးဟီး(စံဖူး)ရွာတွင်စစ်ကောင်စီ၊PNO ပူးပေါင်းတပ်ဖွဲ့တို့နှင့် PNLO တပ်ဖွဲ့နှစ်ဖွဲ့သည် လုံးဟီးရွာ( စံဖူး) တွေပစ်ခတ်မှုဖြစ်ပွါးခဲ့သလို အခု တိုက်ပွဲဗီဒီယိုရုပ်သံ သည် ထိုနေရာမဟုတ်ကြောင်း ဗီဒီယိုအမှားဖြစ်ကြောင်း ဒေသခံထံမှသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *