ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၂၊ ၂၀၂၄
လူထုကြီးတစ်ရပ်လုံး စစ်အာဏာရှင်ကို ပြန်မချရင်မရဘူး ပြန်ချမှရမယ်ဆိုသည့်ဆုံးဖြတ်ချက်ချနိုင်ခြင်းသည် CDM နိုင်ငံ့ဝန်ထမ်း၏တောင့်ခံထားမှုကြောင့်ဟု PNFC ဥက္ကဌ ပြောဆိုလိုက်သည်။
ထို့အ​ပြင် CDM နိုင်ငံဝန်ထမ်းထုကြီးညီလာခံ ကျင်းပနိုင်ခြင်းသည် ကျွန်တော်တို့ တိုင်းပြည်မှာလိုအပ်နေသည့် နိုင်ငံရေး ဦးဆောင်မှုတစ်ရပ် ထူထောင်နေခြင်း ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ- PNFC ဥက္ကဌ ခွန်မြင့်ထွန်းက ညီလာခံတွင် ပြောကြားလိုက်ကြောင်းသိရသည်။
CDM နိုင်ငံ့ဝန်ထမ်းထုကြီးညီလာခံကို ဇန်နဝါရီ ၂၀ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး PNFC ဥက္ကဌ မှ ညီလာခံ ပထမရက်တွင် သဘာပတိအဖြစ် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူပြည်သားတွေဟာ မတရားမှုကိုပြန်ပြီး အာခံရမယ်ဆန့်ကျင်ရမယ် တော်လှန်ရမယ်၊ မှန်တာကိုလုပ်မယ် မှားတာကိုမလုပ်ဘူး။ ဒါဟာခိုင်မာတဲ့ နိုင်ငံရေးဦးဆောင်မှုကို ထူထောင်ကြတာဖြစ်တယ်။”ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ- PNFC ရဲ့ ဥက္ကဌ ခွန်မြင့်ထွန်းမှ ပြောကြားသည်။
စစ်တပ် အာဏာသိမ်းမှု ၃ နှစ်တိုင်တိုင် CDM နိုင်ငံ့ဝန်ထမ်းများမှ နွေဦးတော်လှန်ရေးအတွင်း စစ်အာဏာရှင်ဖိဆန်လှုပ်ရှားမှုသည် စစ်ကောင်စီအား ဦးကျိုးခဲ့ရပြီး ယခုအချိန်ထိ တိုက်ပွဲဝင်နေသေးကြောင်းသိရသည်။
CDM လှုပ်ရှားမှုသည် နွေဦးတော်လှန်ရေးအတွက် အဓိကမဏ္ဍိုင်ဖြစ်ပြီး မြေပေါ်နိုင်ငံရေးနည်းလမ်းကို နောက်ဆုံးအထိ နှလုံးရည်ကောင်းကောင်းနဲ့ ရင်ဆိုင်ခဲ့ကြသည် CDM ဝန်ထမ်းများသည် တော်လှန်ရေးကာလနှင့် ပြန်လည်ထူထောင်ရေးကာလမှာ CDM နိုင်ငံ့ဝန်ထမ်းထု၏ အရေးသည် အင်မတန်မှအခန်းကဏ္ဍတိုင်း အရေးပါကြောင်း ဦးခွန်မြင့်ထွန်း ကပြောဆို ထားသည်။
လက်ရှိ CDM နိုင်ငံ့ဝန်ထမ်းများအပါအဝင် မြန်မာနိုင်ငံရှိ ပြည်သူလူထုတစ်ရပ်လုံးပါဝင်ဆင်နွဲနေသည့် နွေဦးလူထုတော်လှန်ရေးသည် ကျွန်တော်တို့ တိုင်းပြည်အတွက် ဒုတိယ လွတ်လပ်ရေးတိုက်ပွဲဖြစ်ကြောင်းပြောဆိုထားသည်။
ဒီလိုကာလအခက်ခဲကြမ်းတမ်းသည့်ဘဝကို ရင်ဆိုင် ဖြတ်သန်းခဲ့ကြသည့်အခါ ပအိုဝ်းအမျိုးသားခေါင်းဆောင် ကြီးဖြားဗွာလှဖေ ပြောကြားခဲ့သည့်စကားနှင့် ဆောင်ရွက်သွားရန်လည်း ဦးခွန်မြင့်ထွန်းခံတွင်ပန်ကြားထားသည်။
“ ဖြားဗွာလှဖေ မာခဲ့တာကတော့ ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေရဲ့ကြားထဲမှာ ဖြစ်နိုင်တာတွေရှိပါတယ်။ အဲဒီဖြစ်ချင်တာနဲ့ ဖြစ်နေတာကြာထဲက ဖြစ်နိုင်တာကို လက်တွေ့ကျကျ ဆုံးဖြတ် ဆောင်ရွက်ပါ ဆိုတဲ့အမှာစကားဖြစ်ပါတယ်။” ဟု ပြောကြားထားသည်။
CDM နိုင်ငံ့ဝန်ထမ်းထုကြီးညီလာခံကို အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *