ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၁၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသတွင် လက်ရှိတိုက်ပွဲများပြင်းထန်နေပြီး ဒေသခံများနှင့် ခရီးသွားပြည်သူများ ရွာအတွင်းပိတ်မိနေကြောင်း ဒေသခံထံမှသိရသည်။
ယင်းတိုက်ပွဲသည် PNOပြည်သူ့စစ်၊ စစ်ကောင်စီပူးပေါင်းတပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO/PNLA)တို့အကြားဖြစ်ပွားသည့် တိုက်ပွဲဖြစ်ကြောင်း PNLO/PNLA နီးစပ်သူကအတည်ပြုပြောဆိုသည်။
“အခုထိ အိမ်ထဲမှာပဲနေနေရတယ်။ ထွက်လို့မရဘူး။ အိမ်ဘေးမှာလည်း စစ်သားခြေသံတွေကြားနေရတယ်။ “ဟု ဒေသခံတစ်ဦးမှခမ်းသားငေါဝ်းသို့ ပြောသည်။
လက်ရှိ ခရီးသွားပြည်သူ အယောက် ၅၀ကျော်အား ဘုန်းကြီးကျောင်း အတွင်းဖမ်းဆီးထားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ဒေသခံတစ်ဦးက“ ဒီမနက်မှ သိတယ် ခရီးသွားတွေ အယောက်၅၀ကို စစ်ကောင်စီနဲ့ PNO ကလူတွေ ဖမ်းဆီး ထိန်းသိမ်းထားလိုကြားတယ်။ “ ဟု ပြောသည်။
ထိုအပြင် စံဖူးမြောက်ရွာတွင်တိုက်ပွဲကြောင့် နေအိမ်အချို့များလည်းမီးလောင်ပျက်စီးသွားကြောင်းသိရသည်။
“ခုအခြေနေကတအားဆိုးနေပြီ၊ မီးလောင်တာတွေဖြစ်နေပြီ။ လက်နက်သံ ပစ်ခတ်သံတွေတောက် လျှောက်ပစ်နေတယ်။ ရွာသားတွေဘယ်ကိုပြေးကိုပြေးမှန်းမသိတော့ဘူး”ဟုရွာခံအမျိုးသားတစ်ဦးကပြောသည်။
နှစ်ဖက် ပစ်ခတ်မှုယခုချိန်ထိ ရှိနေဆဲဖြစ်ပြီး ဒရုန်းအသံများလည်း ကြားနေရကြောင်းသိရသည်။
လက်ရှိတွင်ရွာခံများထွက်ပြေးတိမ်းရှောင်ရန် ရွာအဝင်အထွက်လမ်းတို့တွင် စစ်ကောင်စီတပ်သားနှင့် PNAတပ်တို့ကစောင့်ပြီးပိတ်ထားကြောင်းသိရသည်။
#ppv009,ppv004

Leave a Reply

Your email address will not be published. Required fields are marked *