ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၂၊၂၀၂၄
မဲနယ်တောင်ဒေသမှ ဟိုပုံးမြို့ရှိ ဖါလွိုင် ဘုန်းကြီး​ကျောင်းသို့ စစ်ရှောင်လာသည့်ပြည်သူအတွက် ဆန်၊ ဆီ၊ ဆား တကိုယ်ရေသုံးပစ္စည်း အနွေထည်နှင့် စောင်များအရေးပေါ် လိုအပ်နေကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ လုံးဟီး(စံဖူး)ကျေးရွာတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားမည်ကိုစိုးရိမ်ပြီး ပြည်သူများ ယနေ့မနက်ထိ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရကြောင်းသိရသည်။
“အချို့က ဆွေမျိုးရှိတော့ ဆွေးမျိုးတွေနားနေကြတယ်။ အချို့က တောထဲပဲပြေးရတယ်။ အခြားနေရာလည်းမရှိတော့” ဟု ဒေသခံ​ပြည် သူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ထိုသို့ ထွက်ပြေးတမ်းရှောင်ရာတွေ သွားလာရေး ဓာတ်ဆီများ၊ နေရာထိုင်ခင်းများ၊ စားနပ်ရိက္ခာနှင့် အဝတ်အထည်များ လိုအပ်ချက်ရှိနေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
စစ်ရှောင်ကူညီသူတစ်ဦးက“ပြောင်းရွေ့ တဲ့ချိန်တော့ လောလောနဲ အဝတ်နည်းနည်းနဲ စောင်နည်းနည်းစီဘဲ ပါကြတယ်စားစရာတွေ မပါလာကြဘူး အဲကြောင့် စားစရာတွေ အဓိကထားလိုအပ်တယ်”ဟု ပြောသည်။
လက်ရှိဟိုပုံးမြို့ ဖါလွိုင်ဘုန်းကြီးကျောင်း သို့ ကလေး၊ လူကြီးအပါအဝင်နေရပ်စွန့်ခွာသူ အယောက် ၃၀၀ ကျော်ရှိပြီး ထပ်မံရောက်လာရန်လည်းရှိကြောင်းသိရသည်။
ထိုအပြင်အချို့ ရွာသားများသည် နမ်ခုတ်ကျေးရွာဘက်နှင့် အောင်သားယားကျေးရွာဘက်သို့ လည်းအများစုရှောင်နေကြပြီး ကျန်တချို့သည် ဆွေးမျိုးများထံသို့ ပြောင်းရွေ့နေကြသလို အချို့များက တောထဲတွင်ရှောင်နေကြကြောင်း ဒေသခံထံမှသိရသည်။
ဇန်နဝါရီ ၂၁ ရက်မနက်ပိုင်းက ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLAတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးလူနေ နေအိမ် ၂၇ လုံး မီး လောင်ပျက်စီးခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *