ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၂၊ ၂၀၂၄
မလေးရှားနိုင်ငံရောက် မြန်မာရွေ့ပြောင်းလုပ်သားများသည် ယခင်ကထက် အခွန်နှစ်ဆပေးဆောင်နေရပြီး အခက်အခဲများဖြစ်နေကြာင်း မြန်မာလုပ်သားတစ်ဦးထံမှ သိရှိရပါသည်။
မြန်မာပြည်သို့ ငွေလွဲခြင်းပြုလုပ်သည့်အခါ မိမိလွဲသည့်နှုန်းအတိုင်းအခွန်နှစ်ဆပေးဆောင်နေရသည့်အပြင် မိမိတို့ကိုင်ဆောင်ထားသည့် နိုင်ငံကူးလက်မှတ်များကိုလည်း အခွန်များပေးဆောင်နေရကြောင်းသိရသည်။
“အမိမြေသို့ပိုက်ဆံပို့ရင်တော့ လွဲတဲ့နှုန်းပေါ်မူတည်ပြီး ၂ ရာခိုင်နှုန်း ဖြတ်တယ် နောက်တစ်ခုက ကျွန်တော်တို့ ကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ်က အခွန်မဆောင်ရခင်က Rm.200 ပဲပေါ့နော် ရက်ကုန်တော့မယ် သက်တမ်းသွားတိုးတာတို့ အသစ်ပြန်လုပ်တာ အပျောက်လျှောက်တာတို့ဆိုရင်တော့မြန်မာသံရုံးက အခွန်၂ ရာခိုင်နှုန်းနဲ့ ပြန်လည် သတ်မှတ်တဲ့အတွက်ကြောင့် Rm.410ဖြစ်သွားတယ်”ဟု မလေးရှားနိုင်ငံရောက် မြန်မာနုင်ငံသားတစ်ဦးမှ ပြောထားပါသည်။
ထို့အပြင် မိမိကိုယ်မိမိ မလုပ်နိုင်ဘဲ ပွဲစားမှတဆင့်ပြုလုပ်ပါက နောက်ထပ်နှစ်ဆ Rm.900 ကျော် ကုန်ကျကြောင်းသိရသည်။
မလေးရှားနိုင်ငံ၌အလုပ် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ၏ အခြေခံ လုပ်ခလစာသည် Rm.1500 သတ်မှတ်ထားပြီး တချို့တွင် အခြေခံလုပ်ခလစာကို မရသောသူများလည်း ရှိနေသောကြောင့် အဆင်မပြေ ဖြစ်နေရ ကြောင်း သိရှိရသည်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၀၀ ရာခိုင်နှုန်းတွင် ၄၀ ရာခိုင်နှုန်းက ဒုက္ခသည်များအဖြစ်နေကြပြီး နိုင်ငံကူးလက်မှတ်မလိုဘဲ ဒုက္ခသည်ကဒ်ပေးထားကြောင်းသိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed