ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၂၊ ၂၀၂၄
ဖမ်းဆီး​ခေါ်ဆောင်သွားသည့် PNLO ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးခွန်မင်းသိမ်းအပါ (၃)ဦးကို ဒီကနေ့ ပြန်လွတ်လာပြီဖြစ်ကြောင်းသိရသည်။
ခေါ်ယူဆွေးနွေးညှိနိုင်းရန်လိုအပ်ခြင်းကြောင့် ဇန်နဝါရီ ၂၁ ရက်က စရဖမှ ခေါ်ဆောင်သွားသည့် PNLO ဆက်ဆံရေးရုံးတာဝန်ခံအပါ ၃ ဦးကို ဆွေးနွေးညှိနိုင်းပြီး၍ ပြန်လည်လွှတ်မြှောက်လာပြီဖြစ်ကြောင်း သိရသည်။
“မနေ့က ခေါ်ယူညှိနိုင်းဆွေးနွေးပြီး ဒီနေ့မနက်ပြီးဆုံးလို့ ပြန်ရောက်ပြီ”ဟု ပအိုဝ်းအမျိုးသား လွှတ်မြှောက်ရေးအဖွဲ့ချုပ်PNLO တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးခွန်မင်းသိမ်း၊ ဗိုလ်ကြီးခွန်သိဒ္ဓိနှင့် ဗိုလ်ခွန်လှဝင်းတို့ (၃) ဦးလုံးပြန်ရောက်ပြီဖြစ်ကြောင်းသိရသည်။
ဇန်နဝါရီ ၂၁ ရက်နေ့ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးမြောက်ရွာတွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့ စစ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLAတို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *