ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၃၊ ၂၀၂၄
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားလာနိုင်သည့်အတွက် ဆီဆိုင်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ ၄၂၄ နှင့် ခမရ ၄၂၃ တပ်မှ မိသားစုဝင်များ တောင်ကြီးသို့ ပြောင်းရွေ့နေကြကြောင်း သိရသည်။
စစ်ကောင်စီဘက်မှ ခမရ ၄၂၄ တပ်ကို စစ်ကူအယောက် ၂၀၀ ပို့ပေးမည့်ဖြစ်ကြောင်း နှင့် အသေခံတိုက်ရန်အမိန့်‌ပေးထားကြောင်း၊ သို့သော်လက်ရှိအချိန်ထိ စစ်ကူရောက်လာခြင်းမရှိသေးကြောင်း အမည်မဖော်လိုသည့် တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။
“သန်းခေါင်ကျော်ပေါ့ ၁ နာရီခွဲ ၂ နာရီလောက်ကတည်း ပြောင်းကြတာ”ဟု ခမ်းသားငေါဝ်း၏ တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။
ယမန်နေ့ ဇန်နဝါရီ ၂၂ ရက်နေ့ည ၈ နာရီအချိန်တွင် ဆီဆိုင်မြို့နယ် နောင်ထောဝ်ဒေသအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လေကြောင်းနှင့် ဗုံးကြဲခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *