ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၂၊ ၂၀၂၄
ရှမ်းပြည်နယ် တောင်ပိုင်း၊ဆီဆိုင်မြို့နယ် နောင်ထောဝ် ကျေးရွာတွင် ယနေ့ညစစ်ကောင်စီက လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးလာကြဲခဲ့ကြောင်းသိရသည်။
ယနေ့ည ၈ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီကလာကြဲခဲ့ပြီး ယခုတွင် ရွာသူရွာသားနှင့် စစ်ရှောင်များစွာ ဘေးကင်းရာထွက်ပြေး တိမ်ရှောင် နေရကြောင်းသိရသည်။
” လေယာဉ်နဲ့ အခုကြုံဖူးပြီ။လူတစ်ယောက် ထိတယ်ကြားတယ်။ သေချာ တိကျတော့ မသိရသေးဘူး ။ထွက် ပြေးသူက ထွက်ပြေးကြပြီ။အခုပုန်းနေရတယ် “ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို အတည်ပြု ပြောကြသည်။
နောင်ထောဝ်ကျေးရွာသည် ဆီဆိုင်မြို့ အရှေ့တောင် ဖက်တွင်ရှိပြီး ကရင်နီစစ်ရှောင်များစွာခိုလှုံသည့် ကျေးရွာ ဖြစ်ကြောင်းသိရသည်။
လက်ရှိလေယာဥ်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအသေးစိတ်ကို ခမ်းသားငေါဝ်းမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဆက်လက်စုံစမ်းဆဲဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *