ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၁၊ ၂၀၂၄
ယနေ့နံနက်အစောပိုင်း၌ မဲနယ်တောင်ဒေသ စံဖူးကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံသိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် ဇန်နဝါရီ ၂၁ ရက်ကတိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။
“လက်ရှိ ပစ်ခတ်သံကြားနေတယ်၊ တချို့ဒေသခံကရုတ်တရက်ကြီးဆိုတော့ ကြောက်လန့်ပြီး အပြင်တောင်မထွက်ရဲကြဘူး။ကျွန်တော်တို့ရွာအနီးရှိ ထမ်းအယ်ရွာကလူတွေ မနေ့ညပစ်ခတ်သံကြားကတည်းက ဟိုဟွေး၊ ကျူးမှုံးတို့ဘက်ပြောင်းပြီ”ဟုဒေသခံအမျိုးသားတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။
ယင်းတိုက်ပွဲသည် PNOပြည်သူ့စစ်၊ စစ်ကောင်စီပူးပေါင်းတပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO/PNLA)တို့အကြားဖြစ်ပွားသည့် တိုက်ပွဲဟု ဒေသခံ များယူဆထားသော်လည်း ခမ်းသားငေါဝ်း အနေဖြင့်သီးခြား အတည်မပြုနိုင်သေးပါ။
စံဖူးကျေးရွာဒေသခံ တစ်ဦးကလည်း” မနက်အစော ၁ နာရီလောက်ကဖြစ်တာ ။ဘယ်အဖွဲ့နှင့်ဘယ်အဖွဲ့တော့မသိဘူး။ ခုကရွာပြင်ထွက်လို့တောင်မရဘူး။ သတင်းအစအနလည်းမသိရဘူး။ မထွက်ရဲကြဘူး။ မေးလည်းမမေးရဲဘူး။”ဟုပြောသည်။
ယနေ့နံနက်အပိုင်းအချိန်၌ စတင်ဖြစ်ပွားပြီးနောက် စ်ကောင်စီတပ်သားနှင့် PNOပြည်သူ့စစ်များက စငေါ်ကျေးရွာမှစပြီး စံဖူးဒေသထိ လမ်းတစ်လျှောက်လုံးစောင့်နေကြောင်းဆိုသည်။
“သူရိန်တို့အဖွဲ့နဲ့တဲ့ မနက်အစောဖြစ်ချိန်က နှစ်ဖွဲ့စလုံး ၂ယောက်စီသေဆုံးသွားတယ်လို့တော့ကြားတယ်။”ဟုဒေသခံတစ်ဦးကလည်းပြောသည်။
လက်ရှိတွင် နှစ်ဘက်တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး အသေးစိတ်ကို ခမ်းသားငေါဝ်းအနေဖြင့်စုံစမ်းနေဆဲဖြစ်သည်။

You missed