ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၃၊၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင် ထောဝ်ကျေးရွာတွင် တိုက်ပွဲဖြစ်လာမည်ကို ဒေသခံများစိုးရိမ်သဖြင့် ဒေသခံအကုန်လုံးနီးပါး ထွက် ပြေးတိမ်းရှောင် နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
ယ‌‌မန်နေ့ ဇန်နဝါရီ ၂၂ ရက်နေ့ညအချိန်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးလာကြဲပြီးနောက်ယနေ့ ဇန်နဝါရီ၂၃ ရက် နေ့ မနက်အစေားပိုင်းတွင် ဒေသခံများက ဆီဆိုင်မြို့ပေါ် ရှောင်လာကြ ကြောင်းသိရသည်။
“လှုဦးရေ ၁၀ ပုံ ၁ ပုံတောင် ရွာထဲမရှိတော့ဘူး။တိုက်ပွဲတော့မဖြစ်သေးဘူး။ ဖြစ်လာနိုင်ဖို့လည်း ရာခိုင်နှုန်းများတယ်”ဟု နောင်ထောဝ် ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
နောင်ထောဝ် ကျေးရွာသည် အိမ်ခြေ ၆၀၀ ကျော်ရှိပြီး ကရင်နီပြည်မှ စစ်ရှောင် တစ်ထောင် နီးပါး လာရောက်ခိုလှုံ နေကြောင်း သိရသည်။
ဇန်နဝါရီ ၂၂ရက်ည နောင်ထောဝ် ကျေးရွာတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား၂ ဦး ထိခိုက်သေဆုံးပြီး နေအိမ်နှစ်လုံးပျက်စီးခဲ့ကြောင်း သိရသည်။