ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၉၊၂၀၂၄
နိုင်ငံတစ်ဝှမ်းရှိ CDM ဝန်ထမ်းထုညီလာခံကို ယနေ့ ဇန်နဝါရီ ၁၉ ရက်နေ့တွင် အွန်လိုင်းဖြင့် စတင်ပြုလုပ်ခဲ့ပြီး ညီလာခံကို ဇန်နဝါရီ ၁၉ မှ ၂၂ ရက်နေ့အထိ ၄ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ညီလာခံတွင် အမြဲတမ်းသဘာပတိများအဖြစ် ဒေါက်တာ လောကနတ် ၊ဒေါ်ခက်ဆစ် တို့က ဆောင်ရွက်မည်ဖြစ်ပြီး အလှည့်ကျသဘာပတိများ အဖြစ် ပထမရက်ကို ဦးခွန်မြင့်ထွန်း (ဥက္ကဌ – ပအို့ဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ – PNFC)၊ ဒုတိယရက်တွင် ဒေါက်တာ ဦးဇော်ဝေစိုး (ပြည်ထောင်စုဝန်ကြီး)၊တတိယရက်တွင် ဦးသိန်းဦး (ပြည်ထောင်စုဝန်ကြီး – တရားရေးဝန်ကြီးဌာန) နှင့် စတုတ္ထရက်တွင် ဒေါက်တာ ဦးခင်မောင်လွင် (CDM ပါမောက္ခချုပ်၊ ဆေးနှင့်ဆေးနှီးနွယ် ယာယီ တက္ကသိုလ်ကောင်စီများ၏ အဓိပတိ၊ ဖက်ဒရယ်ကျန်းမာရေး ပညာရှင်များ ကောင်စီ ဥက္ကဌ၊ အမှုဆောင်အဖွဲ့ဝင် နှင့် ဘဏ္ဍာရေးကော်မတီ ဥက္ကဌ – ကျန်းမာရေးဝန်ကြီး ဌာန) တို့က ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
“မကြာခင်မှာ ရောက်ရှိလာမယ့် တော်လှန်ရေး အောင်ပွဲအပြီး၊နိုင်ငံပြန်လည်ထူထောင်ရေးနဲ့ တရားမျှတမှု ဖော်ဆောင်ရာမှာ NUCC အနေနဲ့ CDM နိုင်ငံ့ဝန်ထမ်းအတွက် ပြန်လည်ထူထောင်ရေး၊ကုစားရေးနဲ့ ရာဇာဝတ်မှုကျူးလွန်ခဲ့တဲ့ စစ်ကောင်စီနဲ့ပက်သက်ဆက်နွယ်တဲ့အမှုတွေကို အရေးယူဆောင်ရွတ်မယ့်လုပ်ငန်းစဉ်‌တွေ ထည့်သွင်းရေးဆွဲထားပြီးဖြစ်ပါတယ်။ CDM နိုင်ငံဝန်ထမ်းထုကြီးအနေနဲ့ မိမိတို့ရဲ့အဖိုးတန် မြင့်မြတ်တဲ့ဂုဏ်သိက္ခာနဲ့အညီ မကြာမီ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အားလုံး ပူးပေါင်းပါဝင်ပေးပါရန်” ဟု ညီလာခံသို့ ပေးပို့သည့် အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ၏အဖွင့်အမှာစကားတွင်ပြောထားပါသည်။
စစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် ကဏ္ဍာအစုံမှ အစိုးရဝန်ထမ်းများသည် လုပ်ငန်းခွင်များကို စွန့်ခွာပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကာ CDMပြုလုပ်သူ ၃သိန်းရှိခဲ့ကြောင်း NUG ထုတ်ပြန်ချက်အရ သိရသည်။
ဓါတ်ပုံ-CJ

Leave a Reply

Your email address will not be published. Required fields are marked *