ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၈၊၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် ၁၀၅ မိုင်အနီးရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ရက္ခိုင့်တပ်တော် AA က ဆန်၊ဆီ၊ဆား စားနပ်ရိက္ခာများ ကူညီပံ့ပိုးခဲ့ကြောင်း AA က ယနေ့တွင် ထုတ်ပြန်ထားပါသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်အချိန်မှ ညနေ ၆နာရီထိ ဖြန့်ဝေပေးခဲ့ကြောင်း ဆိုသည်။
ရှမ်းမြောက်တွင်နေ့စဥ်ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ပြည်သူလူထုများ ဒုက္ခအဝဝနှင့် အခက်ခဲမျိုးစုံကို အားလုံးရင်ဆိုင်နေရသည့်အတွက် လူသားချင်းစာနာမှုဖြင့် ကူညီခဲ့ကြောင်း ဆိုထားသည်။
ထို့အပြင် AA တပ်အနေဖြင့် ပြည်သူများနှင့် တသွေးတည်း၊တသားတည်း အချိန်မရွေးရှိနေမည်ဖြစ်ကြောင်း၊ မည်သည့်နေရာ ဒေသသို့ရောက်ရှိစေကာမူ လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားစိတ်မရှိပဲ အတူရပ်တည်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လူသားချင်းစာနာစိတ်အပြည့်ဖြင့် တတ်အားမျှ တစ်ဖွဲ့ချင်းသော်လည်းကောင်း၊ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့်သော်လည်းကောင်း အကောင်းဆုံး ပံ့ပို့ကူညီသွားမည်ဖြစ်ကြောင်း ပြောဆိုထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *