ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၉၊၂၀၂၄
ပင်လောင်းမြို့နယ် ဗန်းမောက် ကျေးရွာ စစ်ရှောင်စခန်းတွင် စစ်ရှောင်ဦး‌ရေပိုမိုများပြားလာသဖြင့် နေရာများအခက်အခဲရှိသလို အချို့မှာ ဆန်ပြုတ်သောက် နေရသည်ဟု စစ်ရှောင်ကူညီသူတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဗန်းမောက်ရွာ စစ်ရှောင်စခန်းတွင် ယနေ့အထိ စစ်ရှောင်များ နေ့စဉ်ရောက်လာလျက်ရှိပြီး လှုဦးရေး ၂ ထောင် ကျော်အထိရှိနေကာ စားနပ်ရိက္ခာများ ၊နေရာထိုင်ခင်းများနှင့် ဆေးဝါးများ လုံလောက်မှုမရှိဘဲ အရေးပေါ် လိုအပ်‌နေကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ယနေ့တွင် ပြောဆိုသည်။
“အခုက လှုဦးရေများလာတော့ မလုံလောက်ဘူး။ သူတို့ဘာသာဘဲ ပြန်ဖြေရှင်း နေရတယ်။ စားစရာ မရှိတော့ ဆန်ပြုတ်သောက်ရတာရှိတယ်။ အလှူရှင်လည်းမရှိ နေ့စားခေါ်တာလည်းမရှိတော့ ပိုဆိုးသွားတယ်”ဟု စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။
ဗန်းမောက် ကျေးရွာသည် ပင်လောင်းမြို့နယ် အဆုံး ဖယ်ခုံမြို့နယ်အစပ်တွင်ရှိပြီး ယခုဇန်နဝါရီလတွင် ဖယ်ခုံမြို့ဒေသခံများ ထွက်လာရနိုင်သမျှ လမ်းလျှောက်ပြီး နေ့စဉ် ရောက်လာကြ ကြောင်း သိရသည်။
“ရောက်လာတာအရမ်းများတယ်။ စာရင်း ပိတ်လို့မရ သေးဘူး။ခုလှုဦး‌ရေ နှစ်ထောင် ကျော်ပြီ။ဖြစ်နိုင်ရင်တော့ အကူအညီအခုရရင် အခုလိုအပ်နေတယ်။ အသစ်ရောက်လာသူတွေက မိုးကာတွေ စောင်တွေ ကျွန်တော်တို့ဆီဘဲ လာတောင်းတယ် အလှူရှင်လည်းမရှိတော့ အရမ်းစိတ်မကောင်း ဖြစ်ရတယ်”ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ စစ်ရှောင်စခန်းတွင် ဖျားနာသူများလည်း ရှိ‌နေပြီး ကျန်မာရေးကြည့်ရှူ စောင့်ရှောက်ပေးသည့် ကျန်းမာရေး ဆရာ/ဆရာမ များလည်း မရှိနည်းပါးကြောင်း သိရသည်။
ဗန်းမောက် စစ်ရှောင်စခန်းတွင် ဖယ်ခုံ၊မိုးဗြဲ၊လွိုင်ကော်၊ဒီမော့ဆို၊နန်းမယ်ခုံနှင့် နမ်းနိမ်းကျေးရွာမှ ဒေသခံများ လာရောက်စစ်ရှောင်ကြကြောင်းသိရသည်။
‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌

Leave a Reply

Your email address will not be published. Required fields are marked *