ခမ်းသားငေါဝ်း
ဇန်ဝါရီ၂၀ ၊၂၀၂၄
ရွာ ၅ ရွာအသုံးပြုသည့် တဘတ်ချောင်းတံတားကျိုးကျသဖြင့် ဒေသခံများ သွားလာရေး သယ်ယူရေး အခက်ခဲကြုံတွေ့နေရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ဆီဆိုင်မြို့နယ်တွင် နမ့်နောင်ရွှာ၊ ဟိုခဲရွှာ၊ ဝမ်ဟဲရွာ၊နောင်ပါရင်ရွာနှင့် နောင်စကာရွာ ရွာ ၅ ရွာ ဒေသခံများ အသုံးပြုသွားလာနေသည့် တဘတ်ချောင်းတံတားသည် ဇန်နဝါရီ ၁၉ ရက်နေ့တွင် ကျိုးကျခဲ့ကြောင်း သိရသည်။
“ပြောင်းကားသွားတဲ့အချိန် ကျိုးကျသွားတာပါ။ကားရော ပြောင်းအိတ်တွေရော ရေထဲ အကုန်ထိုးကျသွားတယ်။ ကားဆရာနဲ့ ကားပေါ်ပါသူတွေကတော့ ဘေးကင်းပါတယ်။”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ယခုရက်တွင် အဆိုပါ တဘတ်ချောင်းတံတား ကျိုးပျက်စီးသဖြင့် ရွာသားများ သွား‌‌လာရေး၊ ကုန်သယ်ယူရေး အခက်အခဲဖြစ်နေရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ အမြန်ဆုံးလာပြုပြင်ပေးစေလိုကြောင်း ၎င်းက ဆက်ပြောသည်။
တဘတ်ချောင်းတံတားသည် နှစ်ပေါင်းကြာပြီဖြစ်၍ ပျက်စီးယိုယွင်းလာသည်မှာ ကြာပြီဖြစ်သော်လည်း သက်ဆိုင်ရာများက ပြုပြင်ပေးခြင်း မရှိခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *