ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၄၊ ၂၀၂၄
ညီနောင်မဟာမိတ် ၃ ဖွဲ့ သည်စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရှောင်လွှဲမရသည့်အနေအထားဖြင့်သာ သဘောတူညီခဲ့ရကြောင်း ၁၀၂၇ စစ်ဆင်ရေး ၇၉ ကြိမ် ရက်မြောက်နေ့တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ကပြောဆို ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်သည့် ကိုးကန့် MNDAA၊ ရခိုင်တပ်မတော် AA နှင့် တအောင့်တပ်မတော် TNLA တို့သည် တရုတ်ဖိအားပေးမှုကြောင့် စစ်ကောင်စီနှင့် အပစ်ခတ်ရပ်စဲရေးကို ရှောင်လွဲမရသည့်အနေအထားဖြင့် လက်ခံလိုက်ရကြောင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့ ထုတ်ပြန်ထားသည်။
ထိုသို့ စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ ပြီးနောက် တွင် စစ်ကောင်စီမှ စတင်ပြီးတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များရှိရာကို ရည်ရွယ်ရှိရှိ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများ ဆက်တိုက်ပြုလုပ်လာကြောင်း သိရသည်။
ထိုကြောင့် ညီနောင်မဟာမိတ် ၃ဖွဲ့မှ အခုအချိန်ထိ ၁၀၂၇ စစ်ဆင်ရေးကို အရှိန်အဟုန်နှင့် ဆက်လတ်
တိုက်ပွဲဝင်နေမည်ဖြစ်ကြောင်းသိရသည်။
“စစ်ကောင်စီဘက်မှ ယခင်ရက်များနည်းတူ ထိုးစစ်ဆင်တိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုများ ဆက်လက်ပြုလုပ်နေသောကြောင့် တိုက်ပွဲများမှာ ဆက်လက်ရှိနေခဲ့သည်” ဟု ထိုထုတ်ပြန်ချက်မှ ပြောထားသည်။
ထိုအပြင် စစ်ကောင်စီအခြေစိုက်တပ်စခန်းများမှ ကျောက်မဲ၊ မိုးကုတ်နှင့် လားရှိုးမြို့နယ်များကို တအာင်းတပ်မတော် TNLA ရှိရာနေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ပြည်သူလူထုလုံခြုံရေး နှင့် “ဟိုင်ဂင်သဘောတူညီမှု” ပါ စစ်ကောင်စီတပ်နှင့် နှစ်ဖက်ထိတွေ့မှုမဖြစ်စေရေးအချက်ကို TNLA မှ အလေးထားလိုက်နာကာ ယာယီနောက်ဆုတ်ပေးခဲ့ကြောင်းသိရသည်။
ထိုနေ့တွင်လည်း စစ်ကောင်စီမှ ရခိုင်ပြည်နယ်ရှိ ရခိုင်တပ်မတော်ဖြစ်သည့် AA တပ်ဖွဲ့နှင့်လည်း ၄ ကြိမ်ခန့် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *