ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၃၊၂၀၂၄
တီကျစ်နဂါးဘီးလပ်မြေစက်ရုံအနီးရှိ စစ်ကောင်စီ ဂိတ်တွင် ဒေသခံတောင်သူများထံ ငွေကြေးကောက်ခံမှုများရှိနေပြီး တောင်သူများအခက်ခဲကြုံ တွေ့နေရကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တီကျစ်နဂါးဘီလပ်မြေစက်ရုံဂိတ်တွင် ကျေးရွာဖက်မှဒေသခံတောင်သူများ အောင်ပန်းသို့ ကြက်သွန်ဖြူ၊လက်ဖက်၊ ပဲသီး၊ အာလူးနှင့် ကုန်စိမ်းများသယ်ယူရာတွင် ငွေ‌ကြေးများ အတင်းတောင်းခံနေသဖြင့် ဒေသခံများအတွက် အခက်ခဲဖြစ်ရကြောင်း သိရသည်။
” ဂိတ်ကနေဖြတ်ရင် အာလူးတစ်အိတ်က ငါးရာ တောင်းတယ်။ပြီးရင် ကားဖြတ်သွားဖို့က သပ်သပ်တစ်သောင်း ပေးရတယ်။ အဲလိုအများကြီး တောင်း တော့ ကုန်ပစ္စည်းအတွက်ဆို ကားသမားက မပေးပေးဘူး တောင်သူကိုယ်တိုင် ပေးရတယ်။ ကိုယ်က ၁၀ အိတ်ပါရင် ၅၀၀၀ အဲလိုပေါ့ တစ်ခြားသော ကုန်ပစ္စည်းတွေလည်း များရင် များသလို စစ်သား တွေကတောင်းတယ်”ဟု နောင်တရားမြို့နယ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အာလူးစိုက်တောင်သူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ထို့အပြင် ကုန်တင်ကားများ၊ ခရီးသည်တင်ကားများကိုလည်း ငွေကြေး မတရားတောင်းခံကြောင်း သိရသည်။
ခရီးသည်တင်ယဉ် မောင်းသူတစ်ဦးကလည်း “သူတို့ တောင်းသလောက်မပေးရင် ကားကို အကြာကြီးစစ်တာတို့ ပေးမသွားတာတို့ လုပ်တယ်။ခရီးသွားတာက အချိန်တွေနဲ့ သွားနေရတာ ခေတ်ကာလလည်း မကောင်းတော့ ပိုက်ဆံပေးရတာပါဘဲ။”ဟု ပြောသည်။
ယခုကာလတွင် အစစအရာကုန်ဈေးတက်၍ ခက်ခဲနေချိန်ဖြစ်ပြီး စစ်ဆေးရေးဂိတ်များက အဝေးပြေးဆွဲလှိုင်းကားများအပြင် ဒေသခံ ခြံထွက်သီးနှံသယ်ယူသည့်ကားများကိုလည်း ငွေကြေးမတရားကောက်ခံနေခြင်းကြောင့် အရပ်သားပြည်သူများအခက်အခဲ ပိုဖြစ်စေကြောင်း ဆိုသည်။
တီကျစ် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီအပြင် PNO စစ်သားများလည်း ပါဝင်ဂိတ်စောင့်‌နေကြောင်း သိရသည်။ ‌‌

Leave a Reply

Your email address will not be published. Required fields are marked *

You missed