ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၆၊၂၀၂၄
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့သည် ၄င်းတို့ထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်စီမံရေးယန္တရားများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
ရှမ်းမြောက်မဟာမိတ်ညီနောင် ၃ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး ၈၁ ရက်မြောက်နေ့တွင် ၄င်းတို့ ရယူသိမ်းပိုက်နိုင်ခဲ့သည့်ဒေသများအတွင်း အုပ်ချုပ်စီမံရေးယန္တရားများ သက်ဝင်လည်ပတ်အောင် ဆောက်ရွယ်နိုင်ပြီဖြစ်ကြောင်း ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရှမ်းမြောက်ညီနောင်မဟာမိတ် ၃ ဖွဲ့ထိန်းချုပ်ထားသည့်နယ်မြေများအတွင်း တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ အရပ်သားပြည်သူများနေထိုင်ရာသို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးများကြဲချခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများနေ့စဉ်ပြုလုပ်နေကြောင်း ဆိုထားပါသည်။
အလားတူပင် တအာင်းတပ်မတော် (TNLA) ရှိရာ ကျောက်မဲ၊ မိုးကုတ်နှင့် လားရှိုးမြို့နယ်များသို့လည်း စစ်ကောင်စီးတပ်စခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် တရုတ်၏ တိုက်တွန်းမှုကြောင်း ရှမ်းမြောက်အတွင်း မြောက်ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီ အပစ်အခတ်ရပ်စဲမှုသဘောတူခဲ့ပြီးနောက် ၂ရက်အကြာတွင် စစ်ကောင်စီတပ်မှ တအောင်းဒေသအား စတင်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ပြီး ယခုအချိန်ထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *