ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၇၊၂၀၂၄
ဆီဆိုင်မြို့နယ် မဲဟဲရွာ အဝင်တွင် စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်က ဂိတ်လာဖွင့်ပြီး ဒေသခံများအား တင်းတင်းကြပ်ကြပ် စစ်ဆေမှုများပြုလုပ်နေ ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ မဲဟဲရွာ အဝင်တွင် စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်က ဂိတ်လာဖွင့်ပြီး စစ်ဆေမှုများပြုလုပ်နေသဖြင့် ဒေသခံများ အခက်ခဲဖြစ်နေရသည် ဟု ဒေသခံတစ်ဦးက ဇန်နဝါရီ ၁၆ ရက်နေ့တွင် ပြောဆိုသည်။
အဆိုပါဂိတ်သည် ယခုဇန်နဝါရီလအတွင်းလာဖွင့်ပြီး လမ်းသွားလမ်းလာဒေသခံများကို တင်းကြပ်စွာစစ်ဆေးခြင်း၊ သယ်သွားသယ်လာသည့်ပစ္စည်းအိတ်များကို ဖွင့်ဖောက်စစ်ခြင်း၊ ငွေတောင်းခြင်းများပြုလုပ်နေကြောင်း ဆိုသည်။
“စဖွင့်တုန်းက PNO ဘဲရှိတယ်။ အခုက စစ်ကောင်စီပါရှိတယ်။လာသမျှကားလည်း စစ်တယ်။ပြီးရင် ဓာတ်ဆီဘူး သယ်သွားတာကို တစ်ဘူးကို ၅၀၀၀ ကျပ် တောင်းတယ်။တစ်ခြားပစ္စည်းသယ်ရင်လည်း ပစ္စည်းပေါ်မူတည်ပြီး ငွေတောင်းတယ်”ဟု ကိုယ်တိုင်ကြုံတွေ့သူတစ်ဦးက ပြောသည်။
မဲဟဲရွာ၊ နောင်သိမ်ရွာတစ်ဝိုက်တွင်လည်း စစ်ရှောင်များရှိကာ စစ်ရှောင်များအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်များ သယ်ခွင့်မပေးကြောင်း သိရသည်။
“အဲ့ဖက်ကစစ်ရှောင်တွေဆို ဘာပစ္စည်းမှမသယ်ရဲကြဘူး။အလုပ်အကိုင်တွေလည်းမရှိ ဝင်‌ငွေလည်းမရှိတေ့ာ အရမ်းခက်ခဲနေကြတာ။အထောက်အပံကရပြီ လမ်းပန်းဆက်သွယ်ရေးက အဆင်မပြေတော့ မသယ်ရဲခဲ့ကြဘူး”ဟု စစ်ရှောင်ကူညီသူတစ်ဦးကပြောသည်။
ယခုတွင် ဆီဆိုင်မြို့တောင်ဘက် ကန်တော်လေး၊ ရေဖြူကျေးရွာ နှင့် ကျေးရွာ ၁၀ ပတ်ဝန်းကျင်တွင်ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်နေပြီး ဒေသခံများ ဆက်သွယ်ရေး အခက်အခဲကြုံတွေ့ရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *