ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၃၊၂၀၂၄
စစ်ကောင်စီတပ်သည် ဇန်နဝါရီလ(၁၁)ရက်နေ့မှ ပူပူနွေးနွေးထိုးထားခဲ့သည့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ကို ပေါ်ပေါ်တင်တင်ချိုးဖောက်လိုက်ပြီဖြစ်ကြောင်း တအာင်းတပ်မတော်(PSLF/TNLA)၏ ယနေ့ထုတ်ပြန်ချက်အရသိရသည်။
ရှမ်းမြောက်၊ ကျောက်မဲမြို့ရှိ စစ်ကောင်စီ ၅၀၁-၅၀၂တပ်စခန်းမှ အင်အားအလုံးအရင်းဖြင့် ယနေ့နံနက်(၉း၁၈) နာရီအချိန်တွင် တအာင်းတပ်မတော်(PSLF/TNLA)တည်ရှိရာ ငြိမ်းချမ်းရေးကုန်းသို့ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းဆိုထားသည်။
တအာင်းတပ်မတော်(PSLF/TNLA)နှင့် စစ်ကောင်စီတပ်တို့ (၂)နာရီကြာထိတွေ့တိုက်ပွဲဖြစ်ပွားပြီး မိဘပြည်သူများစစ်ဘေးသင့်မည်ကိုစိုးရိမ်ပြီး ဆုံးရှုံးမှုများမည်ကိုစိုးသောကြောင့် တအာင်းတပ်မတော်(PSLF/TNLA) အခြေချတပ်စွဲထားသည့် ငြိမ်းချမ်းရေးကုန်းမှ ယာယီနောက်ဆုတ်ပေးလိုက်ရကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ပူပူနွေးနွေးထိုးထားသည့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ကို ချိုးဖောက်ပြီး စစ်ကောင်စီတပ်ဘက်မှ အပစ်အခတ်ရပ်စဲရေးလက်မှတ်ကို ဒုတိယအကြိမ်ထပ်မံ ချိုးဖောက်ခြင်းဖြစ်ကြောင်း ဆိုထားသည်။
ယမန်နေ့တွင်လည်း စစ်ကောင်စီတပ်သည် တအာင်းတပ်မတော်(PSLF/TNLA)တည်ရှိရာသို့ လက်နက်ပြီးဖြင့် မိုးကုတ်၊ ကျောက်မဲ၊ လားရှိုးမြို့နယ်စသည်တို့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PSLF/TNLAကထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed