ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၄၊၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့အဝင် ဘီးခွန်းဂိတ်သည် မြို့သို့ဖြတ်သန်းသွားလာသည့် ရွာခံများအပေါ် မတရားပိုက်ဆံတောင်းယူမှုရှိနေကြောင်း ဒေသခံများထံမှသိရသည်။
မြို့ဝင်ဘီးခွန်ဂိတ်မှ ဘီးခွန်ကောက်သူများသည် ဒေသခံဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာခြင်းကို ဆိုင်ကယ်တစ်စီးလျှင် ၅ ထောင်ကျပ်ဖြင့်တောင်းယူနေပြီး ခြိမ်းခြောက်မှုလည်းရှိနေကြောင်း ဆိုသည်။
“ခုကပြောင်းချိုးချိန်လေ၊ ၁၁ ရက်နေ့က ရွာခံတွေပြောင်းရောင်းဖို့တက်ကျတာ၊ အဲ့မှာမိုးနဲလမ်းကနေ ဝင်လာတာ ဘီးခွန်သမားတွေက တစ်စီးကို ၅၀၀၀ တောင်းတာ၊ အချို့က ၂၀၀၀၊ ၃၀၀၀ပေးကြတာကို ဘီးခွန်သမားက ဒီတစ်ခါပဲရမယ်နော်၊နောက်တစ်ခါဆို မင်းတို့ဆိုင်ကယ်ကိုဖမ်းမှာနော်၊သိမ်းမယ်နော်တဲ့ အလိုပြောတာ။”ဟု ရွာခံအမျိုးသား တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ရွာခံများကိုယခုလိုခြိမ်းခြောက် မတရားငွေညစ်နေခြင်းကြောင့် ရွာခံများအတွက် အခက်ခဲဲဖြစ်စေကြောင်းသူကဆက်ပြောသည်။
မြို့ဝင်ဘီးခွန်ကောက်ရာတွင်နိုင်ငံတော်မှ ယာဥ်အကြီးအသေးပေါ်မူတည်ပြီး ၂၀၀ ကျပ်၊ ၃၀၀ ကျပ်သာကျသင့်သော်လည်း ထောင်ချီကောက်နေခြင်းသည် ရွာခံများအပေါ်တမင်ငွေညစ်စားခြင်းသာဖြစ်သလို ရွာခံ၏မောင်းနင်းလာသော ဆိုင်ကယ်များပါ သိမ်းမည် ဖမ်းမည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်းသိရသည်။
စစ်တပ်အာဏာသိမ်းပြီး ခေတ်မကောင်းသည့်ကာလတွင်အခွင့်ကောင်းယူပြီး မသိနားမလည်သည့်ပြည်သူကို တမင်ဖိနှိပ်နေကြောင်း ​ဒေသခံကပြောသည်။

You missed