ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၁၊၂၀၂၄
အာဆီယံအထူးကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဝင်များသည် ယမန်နေ့ ဇန်နဝါရီလ(၁၀)ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
နေပြည်တော်တွင် လာအိုနိုင်ငံမှ အာဆီယံအထူးကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့သည် လူသားချင်းစာနာထောက်ထားမှုအတွက်နှင့် အားလုံးပါဝင်သည့် ဒိုင်ယာလော့တစ်ခုဖြစ်လာစေရန် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
“အခုလောလောဆယ် EOဘက်ကလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ပတ်သက်တဲ့ အကြောင်းတွေလည်းဆွေးနွေးပေးတယ်၊ ဘာလို့ဆို အခုအခြေနေက လူသားချင်းစာနာထောက်ထားမှုက အများကြီးလိုအပ်နေတယ် ပြီးတော့အားလုံးပါဝင်တဲ့ဒိုင်ယာလော့တစ်ခု ဖြစ်လာနိုင်ဖို့အတွက်တွေပေါ့” ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ဗိုလ်မှူးခွန်မြင့်သိန်းက ပြောသည်။
ယခုအစည်းအဝေးသည် အာဆီယံဥက္ကဌအဖြစ်ခန့်အပ်မည့် လာအိုနိုင်ငံက အာဆီယံအထူးကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပြီး အာဆီယံနှင့်ဘယ်လိုမျိုးပုံစံဖြင့် ချဥ်းကပ်မည်ကိုသာ လာရောက်မိတ်ဆက်ခြင်းများကိုသာ အဓိကဖြစ်သောကြောင့် အစည်းအဝေး၌ ရလာဒ်များထွက်လာခြင်းမရှိခဲ့ကြောင့် သိရသည်။
“အစည်းဝေးကတော့ ရလာဒ်အကောင်းကြီးထွက်လာတာမျိုးတော့မဟုတ်ဘူး၊ လောလောဆယ်တော့ သူတို့က အာဆီယံချဥ်းကပ်မှုပုံစံကို အရင်လာမိတ်ဆက်ပေးတယ်ဆိုတဲ့သဘောမျိုးပါပဲ၊ အာဆီယံအဖွဲ့ဝင်တွေ ပြဌာန်းချက်မှာ သဘောတူလက်မှတ်ရေးထိုးထားတဲ့ အချက် (၅)ချက်ကို ဘယ်လိုပုံစံမျိုးနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ကြမယ်ဆိုတာ အဲ့တာတွေပဲ”ဟု ၎င်းကဆက်ပြောသည်။
ယမန်နေ့တွေ့ဆုံဆွေးနွေးမှုတွင် လာအိုနိုင်ငံမှ အာဆီယံအထူးကိုယ်စားလှယ်များသည် မြန်မာနိုင်ငံရှိ Stage Holderများ၏ အသံများကိုနားထောင်ပြီး မြန်မာပြည်မှ ပြဿနာကို ဘယ်လိုမျိုးပုံစံဖြင့်ဖြေရှင်းသင့်ကြောင့်နှင့် ငြိမ်းချမ်း‌ရေးရရန်အတွက် ၎င်းတို့အနေဖြင့် ဘာလုပ်ဆောင်ပေးသင့်သည်ကို လာရောက်လေ့လာခြင်းလည်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *