ခမ်းသားငေါဝ်း
ဇန်နဝါရီ ၈၊ ၂၀၂၄
သိန္နီမြို့ရှိ စကခ ၁၆ ၏ဧရိယာတခုလုံကို တစ်ခုမကျန်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLAက ထုတ်ပြန်လိုက်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့ရှိ စစ်ကောင်စီ စကခ ၁၆ ကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA၊ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နှင့် မြောက်ပိုင်းညီနောင်သုံး ဖွဲ့ဖြစ်သည့် TNLA,MNDAA,AA တို့နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ဇန်နဝါရီ ၁ရက်နေ့က စကခ ၁၆ ဧရိယာကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ရန်အတွက် သိန္နီမြို့အထွက် နမ္မတူ​ချောင်း တံတားထိပ်မှ စတင်တိုက်ခိုက်​ပြီး ထိုမှတဆင့် ကောင်းဟော်ရွာထဲမှာ တပ်စွဲထားသည့် စကစတပ်ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီ ၃ ရက်နေ့တွင်ကောင်းဟော်ရွာတခုလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း PLAကထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၄ ရက်နေ့တွင် စကခ 16 ဧရိယာတခုလုံးတွင်ရှိသည့် တပ်ရင်းများ ​​လက်နက်ကြီးကုန်းများ လေယာဥ်ကွင်းများ လက်နက်ဂို​ဒေါင်များ သံချပ်ကာကားများ ပွိုင့် 5 များ ဟောင်ဝစ်ဇာများနှင့် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းပိုက်ရရှိခဲ့ကြောင်းသိရသည်။
ဇန်နဝါရီ ၆ရက်နေ့တွင် GE တပ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိုနေ့ညပိုင်းတွင် အကုန်လုံး ခမရ ၂၄၀ ၊ ခမရ ၃၂၃ ၊ GE တပ် နှင့် ဆေးတပ်များ အားလုံး ထွက်ပြေးသွားကြောင်းဆိုသည်။
စစ်ကောင်စီတပ်သားများ ဆုတ်ခွာထွက်ပြေးသည့် လမ်းကြောင်းတစ်လျောက် ထပ်ချပ်မကွာ ရွပ်ရွပ်ချွံချွံ လိုက်လံချေမှုန်းခဲ့ပြီး မိုင်လီ-ပန်ဖက် တံတားအနားအထိ တိုက်ခိုက်နိုင်ခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *