ခမ်းသားငေါဝ်း
ဇန်နဝါရီ ၇၊ ၂၀၂၄
လွိုင်ကော်မြို့အတွင်းစစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်​​ပြီးပြည်သူလူထုနေအိမ်ဖောက်ထွင်းခိုးယူမှုများ ရှိနေကြောင်းသိရသည်။
ကရင်နီပြည် လွိုင်ကော်မြို့သည် တိုက်ပွဲပြင်းထန်သည့်အတွက် ပြည်သူလူထုများသည် မိမိတို့အိုးအိမ်ပစ်ထားပြီး စစ်ဘေးရှောင်နေရသည်။
“ သူခိုးတွေအရမ်းသောင်းကျန်းတယ်။ အိမ်ဆို အဖောက်ခံရတာ ဘာမှကိုမရှိတော့ဘူး။ အဲလိုသူခိုးတွေကိုလည်း တာဝန်ယူဖြေရှင်းပေးတဲ့သူလည်းမရှိဘူး။” ဟု လွိုင်ကော်စစ်ရှောင်တစ်ဦးကပြောသည်။
ထိုအပြင် အိမ်တိုင်းလိုလိုတန်ဖိုးရှိ ပစ္စည်းများနေ့စဉ်ပျောက်ရှနေလျက်ရှိကြောင်းနှင့် စစ်ရှောင်များအနေဖြင့် နေရပ်ပြန်နေထိုင်ပါကလည်း အခက်အခဲရှိကြောင်း၄င်းမှဆက်ပြောသည်။
“ ဆိုင်ကယ်ဆိုင်တွေမှာ ဆိုင်ကယ်တွေအကုန်ပါ၊ ကုန်စုံဆိုင်ဆိုရင်လည်း အကုန်ယူတာ ဘာမှမကျန်အောင်ဘဲ လူနေအိမ်ကျ သူတို့လိုချင်တာ အကုန်သယ်ယူတာ”ဟု လွိုင်ကော်ဒေသခံမှဆက်ပြောသည်။
လွိုင်ကော်ဒေသခံနောက်တစ်ဦးကလည်း “သူခိုးက အမျိုးမျိုးရှိတယ် စကစကခိုးတာရှိတယ်။ ပြည်သူကဘဲ ပြန်ခိုးတာလည်းရှိသလို တော်လှန်ရေးလုပ်နေတဲ့ ရဲဘော်တွေလည်းရှိတယ်။ အပြိုင်ခိုးယူနေကြတာ” ဟု ပြောသည်။
လက်ရှိ တော်လှန်ရေးတာဝန်ရှိသူ သက်ဆိုင်ရာများက ပြည်သူလူထုများ၏ အိုးအိမ်စည်းစိမ်များကိုမကာကွယ်ပေးသည့်အပြင် အကျင့်ပျက်နေသည့်အပေါ် ပြည်သူများစိတ်ပျက်မိကြောင်း ၄င်းမှဆက်ပြောသည်။
ထို့အပြင်တော်လှန်ရေးတပ်ဖွဲ့မှလည်း ရဲဘော်များထိုကဲ့သို့မပြုလုပ်ရန်အတွက် စည်းကမ်းများကြပ်မတ်ထားသည့်အပြင်တပ်ရင်းတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ KSP Karenni State Police တပ်ဖွဲ့တွေလည်း စောင့်ကြည့်ထားကြောင်း JOBS FOR Kayah မှ ပြောသည်။
“အဲလိုတွေဖြစ်နေတော့ ကျွန်တော်တို့လည်းစိတ်မကောင်းဘူးဗျား၊ တာဝန်ကျရာတပ်ရင်းတိုင်းမှာ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားပါတယ်။” ဟု JOBS FOR Kayah မှပြောသည်။
လက်ရှိ ကရင်နီပြည် လွိုင်ကော်မြို့ရှိ ဒေသခံအများစုသည် မိမိတို့နေရပ်စွန့်ခွါပြီးရှမ်းပြည်နယ်တောင်ပိုင်းအတွင်း စစ်ရှောင်လာကြပြီးယခုချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *