ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၀၊၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် အနောက်ပိုင်း ကျေးရွာတစ်ရွာတွင် ရွာမှနှင်ထုတ်ခံရသည့် CDM ကျောင်းဆရာမတစ်ဦး အခက်ခဲများ ရင်ဆိုင်နေရကြောင်း နီးစပ်သူတစ်ဦးထံမှ သိရသည်။
ပျူစေားထီးအဖွဲ့များက အဆိုပါဆရာမသည် PDF များကို ထောက်ပံ့သည်ဟု စွပ်စွဲပြီး ပျူစောထီးက ရွာခံများအား စစ်ဆေးမေးမြန်းမှုပြုပြီးနောက် ရွာခံများက CDM ဆရာမကို ရွာမှနှင်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ကျောင်းဆရာမနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
“ပျူစေားထီးက ရွာသားတွေကို ခြိမ်းခြောက်တယ် ပေါ့နော် ရွာသားကလည်း ကြောက်တော့ ရွာထဲမှာ သူမ ရှိနေရင်ရွာတစ်ခုခုဖြစ်မှာ စိုးရိမ်တာကြောင့် အဲဆရာမကို နှင်ထုတ်ကြတာဖြစ်ပါတယ်။”ဟု ဆရာမနှင့်နီးစပ်သူက ပြောသည်။
ယခု ထိုဆရာမသည် လုံခြုံသောနေရာတွင် ရောက်ရှိသော်လည်း နေထိုင်ရေး အဆင်မပြေသည့်အပြင် ကျန်ရှိနေသည့် မိမိမိသားစုကို ပျူစေားထီးများက အန္တရာယ်ပေးမည်ကို စိုးရိမ်နေရကြောင်း ၎င်းက ဆက်ပြောသည်။
ရွာငံမြို့နယ်တွင် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း စစ်‌ကောင်စီမှ ဒေသခံလူငယ်များကို PDF ဟု စွပ်စွဲပြီး မတရားဖမ်းသွားခံရသူ ၁၀ ဦးထက်မနည်းရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ယခုကာလတွင် ရွာငံမြို့နယ်ရှိ ရာသီအလိုက် ပွဲလမ်းသဘင်များရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ ကြီးစိုးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *