ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၁၊၂၀၂၄
ဖယ်ခုံမြို့မ ရဲစခန်း နှင့် စစ်ကောင်စီလက်အောက်ခံ အစိုးရဌာနရုံးများကို ကရင်နီတော်လှန်းရေးတပ်ပေါင်းစုများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ ဖယ်ခုံမြို့မရဲစခန်းနှင့် စစ်ကောင်စီလက်အောက်ခံ အစိုးရဌာနရုံးများကို တော်လှန်ရေးတပ်ပေါင်းစုက ၁၁၁၁ စစ်ဆင်ရေးအဖြစ် ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ကြောင်း ကရင်နီတော်လှန်ရေးတပ်တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
“ဖက်ခုံမှာ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်လာတာက ဒီလ ၇ ရက်နေ့မှ စလာတယ် စစ်ကောင်စီကလည်း လေကြောင်းနဲ့ ဗုံးကြဲချတာတွေရှိတယ်။ အခုတော့ ဖယ်ခုံရဲစခန်းနဲ့ အချို့ရပ်ကွက်တွေ၊ အစိုးရရုံးတွေကိုတော့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတပ်ဖွဲ့က ဝင်စီးနိုင်ခဲ့တယ်” ဟု ကရင်နီတော်လှန်းရေးတပ်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် ဖယ်ခုံတိုက်ပွဲအတွင်း ပိတ်မိနေသည့် ပြည်သူများလည်း အများအပြားကျန်ရှိနေသေးပြီး တော်လှန်ရေးတပ်များအနေဖြင့် ထိုပြည်သူ့များကို ကယ်ထုတ်ကာ လူသားချငင်းစာနာထောက်ထားရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။
“၇ ရက်နေ့ တိုက်ပွဲမတိုင်ခင်မှာ တိမ်းရှောင်ကြတယ်။ အချို့ကလည်း ပိတ်မိနေတုန်းဘဲ။ အခုထိ ကယ်ထုတ်နေရတုန်းဘဲ ကျန်နေသေးတဲ့ လူတွေကို လူမှုကယ်ဆယ်ရေးတွေနဲ့ လူသားချင်းစာနာ ထောက်ထားရေးဌာနတွေနဲ့ ပူးပေါင်းကယ်ထုတ်ပေးနေပါတယ်။ “ ဟု ၄င်းက ဆက်ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင်း အရပ်သားနေအိမ်များနှင့် ကျောင်းများပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် လက်နက်ကြီးခြိမ်းခြောက် တိုက်ခိုက်မှုများရှိနေသေးသောကြောင်း ၄င်းတို့တပ်ဖွဲ့အနေဖြင့် တိုက်ပွဲအသေးစိတ်ကို မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *