ခမ်းသားငေါဝ်း
ဇန်နဝါရီ ၉၊၂၀၂၄
ဖယ်ခုံမြို့တွင်း ပိတ်မိနေသူများကို လာကူညီသည့် စက်လှေများအား စစ်ကောင်စီက လေကြောင်းဖြင့် ပသ်ခတ်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှသိရသည်။
ပိတ်မိနေသူများကို ယနေ့တွင်ဖယ်ခုံမြို့အရှေ့ဖက်ကမ်းရှိ လွယ်ပေါ ကျေးရွာနှင့် ဆင်ဖြူကျေးရွာများမှ စက်လှေများက သွားရောက်ကူညီခဲ့ရာ ဖယ်ခုံမြို့ လှေဆိပ် မရောက်မီ စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
လှေဆိပ်တွင် တစ်ဖက်ကမ်းကူးနိုင်ရန် လှေစောင့်နေသည့် အရပ်သားများကိုလည်း စစ်ကောင်စီတပ်က သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး ထပ်မံထွက်ပြေးခဲ့ရကြောင်း ဆိုသည်။
“တစ်ချို့က လှေပေါ် တက်နိုင်ခဲ့ပြီး။ကျန်နေတဲ့လူလည်းရှိပါသေးတယ်။ လှေဆိပ်ကိုလည်း သူတို့က လာပစ်တော့ အကုန်လုံးက ထွက်ပြေးရတော့ လူစုကွဲကုန်တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖယ်ခုံမြို့သည် ယခုတွင် စစ်ကောင်စီနှင့်တော်လှန် ရေးတပ်ဖွဲ့ကြား စစ်ရေးဆက်လက်တင်းမာနေပြီး တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ကြောင်းသိရသည်။
ဖယ်ခုံမြို့ရှိ ကုန်လမ်း၊ရေလမ်း ပိတ်ဆို့ထားမှုကြောင့် တိုက်ပွဲများအကြား ပိတ်မိနေသည့် အရပ်သားများလည်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် ကရင်နီတော်လှန်ရေးအင်အားစုများသည် ဖယ်ခုံဒေသရှိ ဆောင်းနန်းခဲတောင်ပေါ်၊ ရွှေပြည်အေးတောင်ပေါ်၊ လွယ်ပသာတောင်ပေါ် ၊ရပ်တော်မူဘုရားတောင်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တစ်ခုပြီးတစ်ခု သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *