ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၁၊၂၀၂၄
ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံနှင့် ပင်းတယမြို့နယ်တွင် ပျူးစေားထီး သင်တန်းလိုက်ပေးနေသည့် ဦးကျော်မဲကို ရွာငံ PDF နှင့် မဟာမိတ်အဖွဲ့က သုတ်သင်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၁၀ ရက်ည ၇ နာရီအချိန်တွင် ရွာငံမြို့နယ်၊ တောင်းကြားရွာရှိ နေအိမ်၌ စစ်ကြောင်းမှ ပြန်လာပြီး အနားယူနေစဉ် ဦးကျော်မဲကို ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဝင်ရောက်ရှင်းလင်းပြီး ဦးကျော်မဲထံ စစ်ယူနီ ဖောင်း၊ AK ကျည် ၁၀ တောင့် နှင့်လက်ပစ်ဗုံးနှစ်လုံးကို သိမ်းဆည်းရမိခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“တောင်ကြားကျေးရွာမှ ရွာသူရွာသားများကလည်း သူ့ရဲ့လုပ်ရပ်ကို တရွာလုံးကမကြိုက်ဘူး။ သူကစစ် ကောင်စီတပ်သားတွေကို ရွာထဲခေါ်လာတယ်။ စစ်ကြောင်းထိုးရင်သူကလမ်းပြပေးပြီးရွာထဲမှာရှိတဲ့PDFနေအိမ်တွေကို လိုက်ပြတယ်။ မီးရှို့ဖျက်ဆီးတယ်”ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ဦးကျော်မဲသည်ရပ်စောက်မြို့ စစ်တပ်၏ ဗထူးအထူးတပ် အမှတ် (၅၀၉)တပ်ရင်းမှ သင်တန်းဆင်းသူ ၁ ဦးဖြစ်ပြီး တပ်မ (၅၅) စစ်ယူနီဖောင်းဝတ်ပြီးစစ်ကောင်စီစစ်ကြောင်းများတွင် လိုက်ပါနေသူဖြစ် ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုတွင် ရွာငံ – PDF ၊ ဂျိုးဖြူ -JPRF တပ်ခွဲ ၃ နှင့် မှော်ဘုရင်စစ်ကြောင်းတို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *