ခမ်းသားငေါဝ်း
ဇန်နဝါရီ ၆၊ ၂၀၂၄
နောင်ကားရွာ အနောက်တောင်ဘက်တွင် ဒရုန်းပျံသန်းခြင်းရှိ‌နေပြီး PNO/PNA တာဝန်ရှိသူများက ရွာသားများအား တောနင်းရှာဖွေခိုင်းခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စု တဲခဲ(ဒုံတန် တယ်းခုဲင်း)ကျေးရွာနှင့် လွယ်စင်းရွာကြား ရှိ မျင်ပဆီတောင်ပေါ်တွင် ဒရုန်းပျံသန်းမောင်းနှင်ခြင်း ရှိခဲ့ပြီး အဆိုပါဒရုန်းပျံသန်းခြင်းကို PNO/PNA တာဝန်ရှိသူများက သွားရောက်စစ်ဆေးခြင်းမလုပ်ပဲ ရွာသားများ မုဆိုးများအား သွားရောက်ရှာ‌ ဖွေစစ်ဆေး စေခဲ့ကြောင်း ဒေသခံသတင်းရင်မြစ်ထံမှ သိရသည်။
တဲခဲ(ဒုံတန်တယ်းခုဲင်း)ရွာသားအများစုသည် မုဆိုးလုပ်ကိုင်ကြပြီး တူမီးသေနတ်ကိုယ်စီဖြင့် တောင်ပေါ်သို့ ၂၀၂၄ ဇန်နဝါရီလ ၁ ရက်နေ့တွင် တေားနှင်းရှာဖွေမှုပြုလုပ်ခဲ့ပြီး မည်သည်မှမတွေ့ရှိခဲ့ပြီးနောက် ဇန်နဝါရီ ၃ ရက်နေ့တွင် PNO/PNA တာဝန်ရှိသူများက တောင်ပေါ်တက်ပြီး ရှာဖွေမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
“ရွာသားတွေကရိုးကြတော့ သွားကြည့်ဆိုတော့ သွားကြတာပေါ့ တချို့ကမသွားချင်ဘူး ဟိုကပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ငါတို့ကတူမီးပဲရှိတာလို့ပြောပေမဲ့ ရွာဆိုတာကသိတဲ့အတိုင်းပဲလေ လွန်ဆန်ရင်လည်းအပယ်ခံရတော့ သွားကြရတာပေါ့။”ဟု နောင်ကားဒေသခံတစ်ဦးက ပြောသည်။
ရွားသားများအား ဒရုန်းသွားကြည့်ခိုင်းသည့် ကိစ္စနှင့်ပတ်သက်ပြီး PNO/PNA တာဝန်ရှိသူ ဖြားသိန်းဖေအား ခမ်းသားငေါဝ်းမှ ဖုန်းနှင့်ဆက်သွယ်မေးမြန်းရာတွင် “ဘာမှ မသိရကြောင်း” ပြောဆိုခဲ့သည်။
” မုဆိုးတွေဆိုတော့တူမီးသေနတ်ပါ ယူသွားကြတယ် တကယ်ပဲ PDF တွေရှိလို့ ပစ်ခဲ့ရင် ငါတို့ပြည်သူ ငါတို့လူမျိုးကို PDF ပစ်တယ်ဆိုပြီး လုပ်အုံးမယ် သူတို့ကလက်နက်ကိုင်အချင်းချင်းလေ သူတို့လက်နက်ရှိတာပဲ အဲ့တာကိုမသွားပဲ ရွာသားတွေသွားပြီးမတွေ့မှ သွားတယ် ဒီလိုမျိုးရွာသားတွေကို အသုံးမချသင့်ဘူး”ဟု အဆိုပါဒေသခံက ဆက်ပြောသည်။
လက်ရှိတွင် PNO/PNA အဖွဲ့တာဝန်ရှိသူ ဖြားခွန်သိန်းဖေနှင့် ဖြားပီတာတို့အိမ်တွင်လည်း တစ်ညကို ရွာသားငါးဦးစီ အလည့်ကျကင်းစောင့်အိပ်ပေးနေရကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါဒေသသည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ် နယ်စပ်ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်တွင် အင်းလေး PDF အဖွဲ့မှ လာရောက်ခုံလှုံမှုရှိခဲ့ပြီး သင်တန်းများပြုလုပ်ခြင်းများရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *