ခမ်းသားငေါဝ်း
ဇန်နဝါရီ ၉၊၂၀၂၄
တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအား စစ်ကောင်စီလေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင်း ဒေသခံအမျိုးသမီး ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် တအောင်းဒေသရှိ မိုင်းယော်ကျေးရွာကို ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့ ညနေ ၉ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်မှ Jet Fighter အသုံးပြုပြီး ဖျက်အား ပေါင် (၅၀၀) ဗုံးဖြင့် အရပ်သားပြည်သူများနေထိုင်ရာ‌‌ကို ဦးတည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင်း မိုင်းယော်ကျေးရွာဒေသခံ အမျိုးသမီး ၄ ဦး ကျည်စထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး လူနေအိမ် အလုံး (၂၀) လည်း ကျည်စထိမှန်ပျက်စီးခဲ့ကြောင်း TNLA မှ ထုတ်ပြန်ထားသည်။
ထိုအပြင် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နမ့်ဆန်မြို့ မြို့သစ်ကျေးရွာတွင်လည်းလေကြောင်းဖြင့် အရပ်သားများအပေါ် ပစ်မှတ်ထားကာ တိုက်ခိုက်ခြင်းကြောင်း အရပ်သားပြည်သူ ၆ ဦးသေဆုံးခဲ့ရပြီး စာသင်ကျောင်းနှင့် လူနေအိမ် ၇ လုံးလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။
လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းတွင် မဟာမိတ်ညီနောင် ၃ဖွဲ့အတူ တအောင်းတပ်မတော် TNLA မှ ၁၀၂၇ စစ်ဆင်ရေးကို လုပ်ဆောင်နေပြီး စစ်ကောင်စီမှလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားပြည်သူများအပေါ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို နေ့စဉ်နှင့်အမျှပြုနေကြောင်းသိရသည်။
ပုံ-TNLA

Leave a Reply

Your email address will not be published. Required fields are marked *