ခမ်းသားငေါဝ်း
ဇန်နဝါရီ ၇၊ ၂၀၂၄
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နမ္မတူမြို့ရှိလူထုနေထိုင်ရာအရပ်ကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက် ခြင်းကြောင့် အရပ်သားနှင့် လူနေအိမ် ထိခိုက် ပျက်စီးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ကုန်းဆာကျေးရွာသစ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အကြိမ်ကြိမ်တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်ဒဏ်ရာရပြီး လူနေအိမ်များ ပျက်စီးခဲ့ကြောင်း ဇန်နဝါရီလ ၆ ရက်နေ့ TNLA ထုတ်ပြန်ချက်အရသိရသည်။
ဇန်နဝါရီလ ၅ ရက်နေ့ နေ့လည်ပိုင်းအချိန် ၃နာရီခန့်မှာ စစ်ကောင်စီမှ Jet Fighter ဖြင့် (၂)ကြိမ်၊ Y12 ဖြင့် (၁)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ည ၉ နာရီချိန်တွင်လည်း Jet Fighter ဖြင့် (၁) ကြိမ် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဆိုထားသည်။
ထိုတိုက်ခိုက်ပစ်ခတ်မှုကြောင့် မန်ဆာကျေးရွာဒေသခံ ၁ ဦး၊ တအောင်းတပ်မတော် TNLA ရဲဘော် ၁ ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၅လုံးအထိ ကျည်စထိမှန် ပျက်စီးဆုံးရှုံးခဲ့ကြောင်းဖော်ပြထားသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးကို အရှိန်အဟုန်လှုပ်ရှားနေပြီး ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် အသီးသီးကို ဆက်လက်သိမ်းပိုက် လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *