ခမ်းသားငေါဝ်း
ဇန်နဝါရီ ၇၊ ၂၀၂၄
တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေးကြောင်းဖြင့်အရပ်သား များအပေါ် စစ်ကောင်စီကဗုံးကြဲချခြင်းကြောင့် နမ့်ဆန်မြို့နယ်ရှိ ပြည်သူ ၆ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီက ပြည်သူလူထုနေထိုင်ရာအရပ်သို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း ဇန်နဝါရီလ ၇ ရက်နေ့ (TWO )တအောင်းအမျိုးသမီး အဖွဲ့ထံမှ သိရသည်။
ယနေ့ နေ့လည် ၃ နာရီအချိန်တွင် စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွါးခြင်းမရှိသည့် မြို့သစ်ကျေးရွာအား လေကြောင်းမှတစ်ဆင့် ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချလိုက်ကြောင်းသိရသည်။
” အခုလောလောဆယ်အဲဘက်မှာ လိုင်းဖြတ်ထားတယ်၊ ဒီဘက်ရွာကနေ အသံအကျယ်ကြီးပဲ ကြားရတာ၊ ရွာထဲဗုံးချတာ အိမ်တွေထိတယ် လူတွေရောထိတယ်တဲ့ ” ဟု နမ့်ဆန်ဒေသခံတစ်ဦးကTWO သို့ပြောထားသည်။
ထိုဗုံးကြဲချတိုက်ခိုက်မှုကြောင့် TNEC ကျောင်းဆရာ ၁ ဦးနှင့် ၄င်း၏သား ကလေး ၂ ဦးအပါအဝင် မြို့သစ်ရွာခံ အရပ်သားပြည်သူ အမျိုးသမီး ၃ ဦး စုစုပေါင်း ၆ ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု TWO ကပြောသည်။
ထို့အပြင် လူနေအိမ် ၇ လုံးလည်း ကျည်ထိမှန်​ပြီး ထိခိုက်ပျက်စီးသွားကြောင်း TNLA သတင်းနှင့်​ပြန်ကြားရေး သတင်းထုတ်ပြန်ချက်အရသိရသည်။
လက်ရှိသည် ကျေးရွာပြည်သူများ နီးစပ်ရာ အခြားကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီးအရပ်သား နေအိမ်များလည်း ပျက်စီးမှုရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *