ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၀၊၂၀၂၄
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၄ ခုနှစ် ၉ ရက်တာအတောအတွင်း စစ်အုပ်စု နှင့် ၄င်းတို့လက်ပါးစေကြောင့် နိုင်ငံတဝန်းရှိ ပြည်သူ (၄၀) ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီအုပ်စုကြောင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၉ရက်နေ့အထိ နိုင်ငံတဝန်းရှိပြည်သူအယောက် ၄၀ သေဆုံးမှုတွင် စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုလည်းပါဝင်ကြောင်း နိုင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားသည်။
သေဆုံးသူများတွင် အမျိုးသမီး (၁၇)ဦးနှင့် အမျိုးသား (၂၃)ဦး၊ (၄၀)ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှ (၁၇) ဦးဖြင့် သေဆုံးမှုအများဆုံးနှင့် အဆိုပါ (၄၀)ဦးအနက် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ (၁၈)ဦးဖြင့် အများဆုံးဖြစ်ကြောင်း သိရသည်။
“ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးတွေကြဲနေတာတွေတွေ့ရတယ်။ တိုက်ပွဲတွေမဖြစ်ပွားဘဲ လူထုတွေ ရှိတဲ့နေရာတွေကို အဓိကထားပြီး ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းနဲ့ တိုက်ခိုက်နေတာက ဒါလူမျိုးသုန်း သတ်ဖြတ်မှုလုပ်နေတာ” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
နိုင်ငံတဝန်းရှိ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအုပ်စု နှင့် ၄င်းတို့ လက်ပါးစေများကြောင်း နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်း (၄၃၇၀)ဦး အထိရှိပြီးဖြစ်ကြောင်းနိုင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ဖော်ပြထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *