ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၂၊၂၀၂၄
တိုင်းရင်းသားပြည်သူများကို ဦးတည်ပြီး
စစ်ရာဇဝတ်မှုအမျိုးမျိုးကျူးလွန်နေသည့် စစ်ကောင်စီကို ရရာနည်းလမ်းဖြင့် အတူတကွ တော်လှန်ကြရန် ယနေ့တွင် TNLA က တိုက်တွန်းထားပါသည်။
တိုင်းရင်းသားပြည်သူများကို ဦးတည်ပြီးလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ပစ်ခတ် ချေမှုန်းခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ အပြစ်မဲပြည်သူများအား သတ်ဖြတ်ခြင်း၊ဖမ်းဆီးခြင်း ထောင်ချခြင်း စစ်ရာဇဝတ်မှုအမျိုးမျိုးကျူးလွန်နေသည့် စစ်ကောင်စီကို ရရာနည်းလမ်းဖြင့် အတူတကွ တော်လှန်ကြရန် ၆၁ နှစ်မြှောက် တ‌‌အာင်းအမျိုးသား လွှတ်မြှောက်ရေး တော်လှန်ရေးနေ့တွင် TNLA က တိုက်တွန်းနိုး ဆော်ထားပါသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့သည် တ‌‌အာင်းအမျိုးသား လွှတ်မြှောက်ရေးအတွက် လက်နက်စွဲကိုင် တော်လှန်ခဲ့သည်မှာ ၆၁ နှစ်မြှောက်ရှိပြီ ဖြစ် ကြောင်း သိရသည်။
“တအာင်း တမျိုးသားလုံးအဖိနှိပ်ခံဘဝမှလွှတ် မြှောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိုအာမခံတဲ့ တအာင်းပြည်နယ်တည်ထောင်ရေး နှင့်အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြငှာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေး ဆိုတဲ့ အချက် ၃ ချက်ပါ ဦးတည်ချက်အတိုင်းတဆင့်ချင်းအလိုက် လက်တွေ့အ ကောင်အထည် ဖော် ဆောင်ရွက် နေတာ ဖြစ်တယ်။” ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ဥက္ကဌ ဒုတိယ
ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက “ ၆၁” မြောက် တအာင်းတော်လှန်ရေးနေ့တွင် ဂုဏ်ပြုမိန့်ခွန်း ပြောကြားသည်။
တအာင်းလူမျိူး အဖိနှိပ်ခံဘဝမှ လွှတ်မြှောက်ရေး နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာရာတွင် အသက် သွေးချွေး၊ စည်းစိမ်ဉစ္စာပေါင်းများစွာစွန်းလွှတ်ခဲ့ကြသည့် အာဇာနည်ရဲဘော်တပ်ဖွဲ့ဝင်များ၊ခေါင်းဆောင်များနှင့် တအာင်း မိဘပြည်သူများအားလုံးကို တ‌‌အာင်းအမျိုးသားလွှတ်မြှောက်ရေးတပ်ဦးမှ အစဉ်အမြဲညီညွှတ် အလေးပြုနေမည် ဖြစ် ကြောင်း ဆိုသည်။
တော်လှန်ရေးကာလနှင့် ၁၀၂၇ စစ်ဆင်ရေးအထိ တအာင်းရဲဘော်တပ်ဖွဲ့ဝင်များ၊ ခေါင်းဆာင်များ၊မိဘပြည်သူများအားလုံးစည်းလုံးညီညွှတ်စွာ အသက်စွန့် တိုက်ပွဲဝင်လာခဲ့ခြင်းကြောင့် နမ့်ဆန်၊မန်တုံ၊နမ္မတူ၊နမ့်ခမ်း၊ကွတ်ခိုင်၊မိုင်းလုံ၊မိုင်းငေါ့၊ကျောက်မဲ၊သီပေါမြို့အနောက်ခြမ်း နှင့်လားရှို့မြို့အရှေ့ အနောက်ခြမ်းရှိ တအာင်း ဒေသများကိုလည်း မူရင်းပိုင်ရှင် တအာင်းမိဘပြည်သူများလက်ထဲ ပြန်လည်ရောက်ရှိပြီး ရန်သူများကိုလည်း တိုက်ထုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ပြောဆိုသည်။
တအာင်း ဒေသ မိဘပြည်သူများအတွက် ထိန်းသိမ်းရရှိခဲ့သောမြို့ရွာ နယ်မြေအချို့ကို အေးချမ်းသာယာပြီး ပညာရေး၊ကျန်းမာရေး၊စီးပွားရေး ၊လှုမှုဘဝဖွံ့ဖြိုးရေး၊ အစစအရာရာ ကောင်းမွန်လာ စေရန် နှင့် လူထုအကျိုးကို ကာကွယ် စောင့်ရှောက်သည့် စီမံအုပ်ချုပ်ရေးစနစ်ကောင်းကို ဖော်ဆောင်၍ ဒေသခံပြည်သူများနှင့် လက်တွဲပြီး ပြည်နယ်၊မြို့ရွာ ‌‌၊ဒေသများအား အကောင်ဆုံး ပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တအာင်းပြည်သူ့ လွှတ်မြှောက်တပ်ဦးအနေဖြင့် တအာင်း ဒေသ မိဘပြည်သူများကို အစဉ်အမြဲကာကွယ် စောင့်ရှောက်ပြီး တိုင်းရင်းသား တော်လှန် ရေး အဖွဲ့အးည်းများနှင့် လက်တွဲပြီး တော်လှန်ရေး အောင်မြင်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်‌ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *