ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၁၊၂၀၂၄
မှော်ဘီတံတားဂိတ် ဖြတ်သန်းသွားလာသည့် ဒေသခံများကို ငွေတောင်းငွေညစ်ခြင်း နှင့် တင်းကြပ်စစ်ဆးနေသဖြင့် ဒေသခံနှင့်ခရီးသွား ပြည်သူများ အခက်ခဲဖြစ်ရကြောင်း ခရီးသွားတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် မှော်ဘီတံတားပေါ်ရှိဂိတ်တွင် ဖြတ်သန်းသွားလာသည့် ဒေသခံများကို ငွေတောင်းငွေညစ်မှုမကြာခနရှိနေပြီး တင်းကြပ်စွာစစ်ဆးသဖြင့် ဒေသခံနှင့်ခရီးသွား ပြည်သူများ အခက်ခဲကြုံတွေ့ နေရကြောင်း ‌ခရီးသွားတစ်ဦးက ယနေ့တွင် ပြောဆိုသည်။
ဂိတ်စောင့် စစ်သားများသည် ခရီးသွားအမျိုးသမီးများကိုလည်း လိင်ပိုင်းဆိုင်ရာချိုးနှိမ် ပြောဆိုဆက်ဆံခြင်း၊ ယာဉ်ပေါ်ပါရှိသည့်ပစ္စည်းများကိုကားပေါ်မှ မြေပြင်ပေါ်သို့ အကုန်ဆွဲချဖွင့်ဖောက်စစ်ဆေးခြင်း၊ မသင်္ကာသည့်အမျိုးသားများကိုကိုယ်ထိလက်ရောက် ရိုက်နှက် စစ်ဆေးခြင်းများပြုလုပ်ကြောင်း ဆိုသည်။
“ကျွန်မက ၇ ရက်နေ့ တောင်ကြီးကိုတက်လာတာ။ဖုန်းကို မက်ဆင်ဂျာကအစ ဝင်စစ်တယ်။ဘယ်သူ့ကိုစာပို့ထားတယ်။ ဘာ‌‌အကြောင်း ပြောတယ်ဆိုတာအစ ကြည့်တယ်။ဂိတ်မှာ စစ်သားတွေလည်းအများကြီးဘဲ”ဟု ကိုယ်တိုင်ကြံတွေ့သူအမျိူသမီးက ပြောသည်။
ဖြတ်သွားဖြတ်လာသည့် ဒေသခံကုန်ကားများ၊အိမ်စီးကားများကိုလည်း ငွေတောင်းငွေညစ်မှုပြုလုပ်ကြောင်း သိရသည်။
“ကျွန်မတို့အဲဂိတ် ရောက်တော့ ပြောင်းဖူးသယ်တဲ့ကားကို သူတို့က ငွေသုံးသောင်း တောင်းတယ်။အဲတာ ကားဆရာက တစ်သောင်းနဲ့စစ်နေတယ်။ ကျွန်မတို့ကို စစ်ဆေးတာ ၂ နာရီကျော်တောင်ကြာတယ်”ဟု ၎င်းက ဆက်ပြောသည်။
မှော်ဘီ ကျေးရွာ ဒေသခံတစ်ဦးကလည်း”ခရီးဝေးမှ မဟုတ်ဘူး အနီးနား ဖြတ်သွားတဲ့ ဒေသခံကိုလည်း သူတို့ အရမ်းစစ်တယ်။တောင်ယာသွားတာလည်း အဲဂိတ်ဖြတ်နေရတော့ တစ်ခါတစ်လေ အဲဂိတ်ကိုမဖြတ်ချင်တော့တဲ့အထိဖြစ်တယ်။”ဟု ပြောသည်။
မှော်ဘီတံတားသည် ပင်လောင်း-‌ ကျောက်တစ်လုံး လမ်း၊ ဖယ်ခုံ-‌ ကျောက်တစ်လုံးလမ်းပေါ်တွင်ရှိပြီး စစ်ကောင်စီတပ်၊ PNO စစ်သားနှင့် အင်းပျူစေားထီးများက ဂိတ်စောင့်နေပြီး တင်းကြပ်စွာ စစ်ဆေး နေကြောင်း သိရသည်။