ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ဘော်ဆိုင်းဒေသတွင် နယ်မြေရဲနှင့် အုပ်ချုပ်ရေးမူး ကလိုင်းကြေးရရယူပြီး လောင်းကစားဝိုင်းများတရားဝင် ဖွင့်ခွင့်ပေးထားကြောင်း သိရသည်။
အထက ၆ ကျောင်းရံပုံငွေနှင့် ပြည်တော်သာရပ်ကွက် ဓမ္မာရုံ တည်ဆောက်ရန် အကြောင်းပြပြီးတရားဝင်ပုံစံနှင့် လွတ်လွတ်လပ်လပ် လောင်းကစားဝိုင်းဖွင့်လှစ်နေကြသည်ဟု သတင်းရင်းမြစ် ကခမ်းသားငေါဝ်းကိုပြောသည်။
“ပြုလုပ်နေတာကြာပါပြီ အရင်ကလည်း ၆ လလောက်လုပ်တယ် ခုအထက(၆)ရံပုံငွေ တစ်ရက်တစ်သိန်းပေးတယ် ကျောင်းအုပ်ကြီးကိုပေါ့ နောက်ပြည်သာရပ်ကွက် ဓမ္မာရုံဆောက်ဖို့အကြောင်းပြပြီး အခုထိလုပ်နေကြတယ်”ဟု သတင်းရင်းမြစ် ကပြောသည်။
ထိုသို့လောင်းကစားဝိုင်းလွတ်လပ်စွာ ဖွင့်ခြင်းကို ဒေသခံများအလိုမရှိသော်လည်း မည်သူ့ကိုတိုင်ကြားရမည်မသိကြောင်း သိရသည်။
“မလွတ်လပ်တဲ့ နိုင်ငံမှာ လွပ်လပ်ရေးနေ့အကြိုဆိုပြီး အခု ဂုန်းကင်းတွေ ဂျင်ဝိုင်းတွေ နဲ့စည်ကားနေပါတယ်၊ ဘယ်သူ့ဆီတိုင်ကြားရမှန်းမသိဘူး”ဟု ၎င်းကဆက်ပြောသည်။
လောင်ကစားဝိုင်း ပြုလုပ်ပြီးနောက်ပိုင်း ဘော်ဆိုင်းဒေသတွင် နေအိမ် ဖောက်ထွင်းမှုများ မကြာခဏဖြစ်ပွားလာပြီး ခိုးဆိုးလုယက်မှုပိုများလာကြောင်း သိရသည်။
လွတ်လပ်ရေးအကြိုဟုဆိုပြီး ဘော်ဆိုင်းဒေသတွင် ဒီဇင်ဘာလဆန်းပိုင်းက လောင်းကစားဝိုင်း လွတ်လွတ်လပ်လပ် ပြုလုပ်လာကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *