ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၊၂၀၂၄
တော်လှန်ရေးအောင်ပွဲ မြန်မြန်ဆန်ဆန်ရရှိရန် စစ်ကိုင်းဖိုရမ်အပါအဝင် တော်လှန်ရေးအင်အားစုများက Strategic Communication -မဟာဗျူဟာမြောက်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရန် အထူးလိုအပ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ဒီမိုကရေစီ (PNFC)က ယနေ့ဇန်နဝါရီလ(၃)ရက်နေ့တွင် ဆိုထားပါသည်။
မိမိတို့၏ တော်လှန်ရေးအောင်ပွဲ မြန်မြန်ဆန်ဆန်ရရှိရေး၊ ပီပြင်ခိုင်မာသောအောင်ပွဲဖြစ်ရေးအတွက် စစ်ကိုင်းဖိုရမ်အပါအဝင် တောင်လှန်‌ရေးအင်အားစုများအားလုံးက Strategic Communication -မဟာ ဗျူဟာမြောက်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရန် အထူးလိုအပ်ကြောင်း ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်သို့ ပေးပို့သည့်ဂုဏ်ပြုသဝဏ်လွှာတွင် (PNFC)က ဆိုထားပါသည်။
စစ်ကိုင်းပြည်သူများနှင့် ပအိုဝ်းပြည်သူများအပါအဝင် တောင်တန်းမြေပြန့်ဒေသအသီးသီး၌ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ လူထုလူတန်းစားပေါင်းစုံမှ တော်လှန်ပြည်သူများသည် “ပြန်မချလျှင်မရ၊ ပြန်ချမှရမည်” “မညီညွှတ်လျှင်မရ၊ ညီညွှတ်မှရမည်” မညီညွှလျှင်မဖြစ်၊ ညီညွှတ်မှဖြစ်မည်” ဟူသော နွေဦးတော်လှန်ရေး ရပ်တည်ချက်များကို ဆုပ်ကိုင်ချီတက်ကြောင်း ဖော်ပြထားပါသည်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးသည် ပြည်သူတရပ်လုံး၏ ဘုံရည်မှန်းချက်ဖြစ်ပြီး၊ Political Soul နိုင်ငံရေးဝိဉာဏ်၊ နိုင်ငံ‌ရေးအသက်လည်း ဖြစ်ကြောင်း ဆိုထားသည်။
စစ်အာဏာရှင်စနစ်ဆိုးကို တိုင်းလုံးကျွတ်ခုခံတော်လှန်နေကြသည့် စစ်ကိုင်းတိုင်းရှိတော်လှန်ရေး၊ နိုင်ငံရေးအင်အားစုများစုပေါင်း ဆွေးနွေးကြမည့် ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်အား အောင်မြင်ပါစေကြောင်းနှင့် စစ်ကိုင်းတိုင်းအား အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စု၏ စံပြဖက်ဒရယ်ယူနစ်ကြီးတစ်ခုအဖြစ် ထူထောင်နိုင်ပါစေကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC အပါ ပအိုဝ်းပြည်သူများက ဆန္ဒပြုကြောင်း ဂုဏ်ပြုသဝဏ်လွှာတွင် ပါရှိခဲ့သည်။
စစ်ကိုင်းဖိုရမ်သည် စစ်ကိုင်းတိုင်းသူ/သားများစုဝေးပြီး မိမိတို့၏တိုင်း၌ အရေးအရာကိစ္စရပ်များကို ဆွေးနွေးတိုင်ပင် အဖြေရှာဆုံးဖြတ်သည့် ညီလာခံ(သို့မဟုတ်) စကားဝိုင်းကြီးတစ်ခုဖြစ်ကြောင်း သိရသည်။
ဒုတိယအကြိမ်ကျင်းပသည့် စစ်ကိုင်းဖိုရမ်သည် နိုင်ငံရေးကဏ္ဍအစုအဖွဲ့၊ စစ်ရှောင်ကူညီကယ်ဆယ်ရေး ကဏ္ဍအစုအဖွဲ့၊ လူနည်းစုလူမျိုးစုကဏ္ဍအစုအဖွဲ့နှင့် ၂၀၂၀ ရွေးကောက်ခံများအစုအဖွဲ့ဟူ၍ (၅)ဖွဲ့ စုဖွဲ့ပြီး ပြင်ဆင်ထားကြောင်း ၎င်းဆွေးနွေးညှိနှိုင်းမှုများမှ တိုင်းအတွက် တော်လှန်ရေးအရွေ့တစ်ခု ဖြစ်ပေါ်လာစေရန် ရည်မှန်းထားကြောင်း ဆိုထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *