Month: December 2023

စစ်ကောင်စီ၏ စစ်ရေးအရအရေးပါသော တရွန်အိုင်ဗျူဟာစခန်းကြီးကို ရက္ခိုင့်တပ်တော် AA သိမ်းပိုက်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၆၊၂၀၂၃ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စစ်ရေးအရ အရေးပါသော “တရွန်အိုင်ဗျူဟာ”ကုန်းစခန်းကို (AA) တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း AA ကထုတ်ပြန်ထားပါသည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စစ်ရေးအရ အရေးပါသော “တရွန်အိုင်ဗျူဟာ”ကုန်းစခန်းတစ်ခုလုံးကို ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ယမန်နေ့ဒီဇင်ဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ အဆိုပါ တရွန်းအိုင်ဗျူဟာ စခန်းကုန်းကို နိုဝင်ဘာ ၁၄ ရက်နေ့…

စစ်ကောင်စီတပ်ခွဲမှူးအပါ တပ်ဖွဲ့များ နှင့် လက်နက်ခဲယမ်းများကို MNDAA ထပ်မံသိမ်းဆည်းရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၆၊၂၀၂၃ တာရွှေထန် အမြောက်တပ်ရင်းမှ ကုန်းကြမ်းသို့ ပြောင်းရွေ့လာသည့် စစ်ကောင်စီတပ်ခွဲမှူးတစ်ဦးကို MNDAA မှ ပစ်သတ်နိုင်ခဲ့ကြောင်း MNDAA ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ၁၁၂၇ စစ်ဆင်ရေးလုပ်ဆောင်သည့် MNDAA သည် ဒီဇင်ဘာလ ၅ ရက်နေ့တွင် စစ်ကောင်စီ တပ်ခွဲမှူးအပါ တပ်ဖွဲ့များ နှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရကြောင်းထုတ်ပြန်ထားသည်။ ထို့ပြင် ကုန်းကြမ်းစခန်းမှ စစ်ကောင်စီ…

ကျေးရွာနှင့် လမ်းမကြီးများတွင် စစ်ကောင်စီမြေမြုပ်မိုင်းထောင်ထားသဖြင့် ပြည်သူများကျေးရွာသို့မပြန်ရဲ ဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၅၊၂၀၂၃ ကျေးရွာများတွင် စစ်ကောင်စီက မြေမြုပ်မိုင်းများထောင်ထားခြင်းရှိ‌နေသေးသောကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ပြည်သူများအ‌နေဖြင့် ကျေးရွာသို့ပြန်မလာရဲကြောင်း ယနေ့တွင် ဒေသခံမျိုးသားတစ်ဦးက ပြောဆိုသည်။ ကယား(ကရင်နီ)ပြည် ဒီမော့ဆိုမြို့နယ်ရှိ ကျေးရွာများအတွင်း နှင့် ပြည်သူများသွားလာသည့်လမ်းမကြီးများတွင် စစ်ကောင်စီက မြေမြုပ်မိုင်းများထောင်ထားသဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့်ပြည်သူများ ကျေးရွာသို့ပြန်မလာရဲဖြစ်ကြရကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် လူသွားလာများသည့်လမ်းမကြီးများ၊ စစ်ကောင်စီ တပ်စွဲအခြေချသောရွာ၏ ပတ်ဝန်းကျင်နေရာများနှင့် တပ်စခန်းအနီးအနားများတွင် မြေမြုပ်များထောင်ထားသည် ဟု ဆိုသည်။…

ပင်လောင်းတွင် ရေရှားပါးလာပြီး ဒေသခံများ နှင့် စစ်ရှောင်များ အခက်ခဲကြုံတွေ့ရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၅၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ရေရှားပါးလာသောကြောင့် ဒေသခံများ နှင့် စစ် ဘေးရှောင်များ အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ယခုအခါ မိုးရာသီအကုန် ဆောင်းရာရာသီအရောက် ကာလတွင်ပင် ရေးရှားပါးခြင်း ပျဿနာကို ကြုံတွေ့လာရပြီး ‌ယခုကာလတွင် ရှိရင်းဒေသခံများအပြင် လာရောက်ခိုလှုံသည့်စစ်ဘေးရှောင်များလည်း ရှိနေသောကြောင့် မူလသိုလှောင်ရေထက် ပိုလိုအပ်လာ ရကြောင်း ဆိုသည်။ ” ခုက…

ဘာသာရေးအဆောက်အဦးများတွင် စစ်ကောင်စီတပ်စွဲထားလာသဖြင့် စစ်ရှောင်ပြည်သူများ အခက်အခဲဖြစ်ရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၅၊၂၀၂၃ တိုက်ပွဲအတွင်း ဘာသာရေးအဆောက်အဦးများတွင် စစ်ကောင်စီတပ်က တပ်စွဲထားမှုကြောင်း စစ်ရှောင်ပြည်သူများ အခက်အခဲဖြစ်ကာ စိုးရိမ်နေရကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။ ကယား(ကရနီ)ပြည်နယ် လွိုင်ကော်မြို့ပေါ်ရှိ စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲသည့် ဥတ္တရရုံ ဘုန်းကြီးကျောင်း ၊ နောင်ယားဘုရားကျောင်းများတွင် ဘာသာရေးခေါင်းဆောင်များနှင့် စစ်ရှောင်ပြည်သူများလည်း ရှိနေကြောင်း ဒီဇင်ဘာလ ၅ ရက်မှ သိရသည်။ “အချို့လူတွေက အခြားမြို့ကိုသွားပြီး စစ်မရှောင်နိုင်လို့…

စစ်ကောင်စီမှ လူထုအပေါ်စစ်ရာဇဝတ်မှုကျူးလွန်ခြင်းကိုနိုင်ငံတကာမှ ထိရောက်စွာအရေးယူပေးရန် TPCC တောင်းဆို

ခမ်းသားငေါဝ်း၊ ဒီဇင်ဘာ ၄၊၂၀၂၃ ရှမ်ပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီမှ လူထုကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက် မှုအပေါ် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက်သည့်အတွက် နိုင်ငံတကာမှထိရောက်စွာအပြစ်ပေးအရေးယူပေးရန် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)မှ တောင်းဆိုထားသည်။ စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ လူထုကိုတိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ၂၂ ရက်နေ့မှ ဒီဇင်ဘာ ၃ ရက်နေ့ထိ ၁၂ ရက်အတွင်း အမျိုးသမီးများနှင့် ကလေး သူငယ်အပါ အရပ်သား ၂၅…

စစ်ကောင်စီ တပ်စခန်း ၅ ခုကို MNDAA ထပ်မံသိမ်းယူနိုင်ခဲ့ဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၄၊ ၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း တုန်ရှမ်းဒေသရှိ စစ်ကောင်စီ တပ်စခန်း ၅ ခုကို ဒီဇင်ဘာ ၃ ရက်နေ့က MNDAA ထပ်မံသိမ်းယူနိုင်ခဲ့ကြောင်း ကိုးကန့်မီဒီယာဖော်ပြချက်အရ သိရသည်။ ထို့အ​ပြင် မူပန်(သိန္နီ)ခရိုင်တွင်နန့်စလပ်ဗျူဟာကုန်းမှထွက်ပြေးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းပြောဆိုထားသည်။ “မူပန်(သိန္နီ)ခရိုင် လုံခြုံ‌ရေးအဖွဲ့သည် မူပန်ဒေသကိုရှင်းလင်းရေး လုပ်ဆောင်ချိန်မှာ နန့်စလပ်ဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီအကြွင်း…

ရက် ၂၀ အတွင်း စစ်ကောင်စီက ကရင်နီပြည်ကို လေကြောင်းဖြင့် အကြိမ်သုံးရာကျော်တိုက်ခိုက်

ခမ်းသားငေါဝ်း ဒီဇင်ဘာလ ၄၊ ၂၀၂၃ စစ်ကောင်စီက ကရင်နီပြည်အတွင်း ရက်ပေါင်း ၂၀ အတွင်း လေးကြောင်းအသုံးပြုပြီး ၃၅၃ ကြိမ်အထိ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ကရင်နီပြည်ရှိ လွိုင်ကော်မြို့အတွင်း စစ်ကောင်စီမှလေကြောင်းဖြင့်တိုက်ခိုက်မှုသည် နိုင်ဘာလ ၁၁ ရက် ၂၀၂၃ ခုနှစ် မှစပြီး နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ၃၅၃ ကြိမ်ရှိကြောင်း ကရင်နီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့ (KHAI )မှ…

ပင်လောင်းတွင်လောင်စာဆီပြတ်လပ်၍ ဒေသခံများ အခက်ခဲကြုံတွေ့

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၃၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ၊ပင်လောင်းမြို့နယ်တွင် ​လောင်စာဆီများပြတ်လပ်‌နေ၍ ဒေသခံများ အခက်ကြုံ တွေ့နေရ ကြောင်းသိရသည်။ တန်ဆောင်မုန်း လပြည့်နေကစပြီး ဓာတ်ဆီများကို ဈေးကြီးပေးဝယ်ယူနေရသည့် အပြင်တစ်ချို့ဆိုင်များတွင် ဆီများပြတ်လပ်နေ၍ ပိတ်‌‌ထားနေရကြောင်းသိရသည်။ “အများစုက ဆိုင်ပိတ်ထားတယ်။ ဖွင့်တဲ့ဆိုင်ကလည်းအကန့်အသတ်နဲ့ပဲရောင်းတာ။အချိန်ပိုင်းပဲဖွင့်တော့ ဖွင့်တဲ့အချိန်က လူများတယ်။တန်းစီပြီးထည့်ရတယ်။တစ်ချို့ လူက မထည့်ရသေးဘဲ ဆိုင်ပြန်ပိတ်ပြီ။ အခက်ခဲအရမ်းတွေ့တယ်”ဟုပင်လောင်း ဒေသခံတစ်ဦးက ပြောသည်။ ထိုသို့အကန့်အသတ်အချိန်ပိုင်းဖြင့်သာဝယ်ယူရခြင်းကြောင့်…

PNLO အဖွဲ့ ထံစာရင်းရောက်သည့် စစ်ဘေးရှောင်နှစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာထောက်ပံ့ကူညီ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၃၊၂၀၂၃ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ထံသို့ လာရောက်ခိုလုံရန် နာမည်စာရင်းရောက် စစ်ဘေးရှောင်နှစ်ထောင့်ငါးရာအတွက် အဓိက အခြေခံစားနပ်ရိက္ခာကူညီပေးလျက်ရှိကြောင်း PNLO၏ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။ PNLO အနေဖြင့် မိမိတို့အခြေပြုသောဒေသအတွင်း ရောက်လာသမျှစစ်ရှောက်များအား တတ်နိုင်သလောက် အကူအညီပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းဆိုသည်။ “ကျွန်တော်တို့ထံ အမည်စာရင်း ရောက်လာသမျှပေါ့။ ဘယ်လိုဖြစ်ဖြစ်အတတ်နိုင်ဆုံးတော့ ကျွန်တော်တို့ ဆောင်ရွက်ပေးနေတယ်။ သူတို့အဆင်ပြေဖို့က အဓိက အခြေခံစားနပ်ရိက္ခာပေါ့။ ဒါတွေအဆင်ပြေဖို့…