Month: December 2023

အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု လျှော့ကျ စေရေး ပြည်သူများပါဝင်ပေးရန် လိုအပ် ဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၉၊၂၀၂၃ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျှော့ကျစေ ရေး ပြည်သူများအားလုံးပါဝင်ကြရန် လိုအပ်ကြောင်း ရှမ်းတောင်အမျိုးသမီးအခွင့်အရေးလှုပ်ရှာသည့်အဖွဲ့က ၁၆ ရက်တာလှုပ်ရှားမှုတွင် ပြောဆိုသည်။ နိုဝင်ဘာ၂၅ မှ ဒီဇင်ဘာ ၁၀ ရက်ထိ ၁၆ ရက်တာ လှုပ်ရှားမှုကာလအတွင်း ဒီဇင်ဘာလ ၇ ရက်နေ့တွင် အွန်လိုင်းဖြင့် ပြုလုပ်ကျင်းပခဲ့ပြီး ဒေသခံလူထု ၅၀ ကျော် တက်ရောက်ကာ အမျိုးသမီးများအပေါ်…

နမ့်ခမ်းတွင် စစ်ကောင်စီတပ် ပေါင်(၅၀၀) ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံ(၅)ဦးသေဆုံး (၄)ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၈၊၂၀၂၃ နမ့်ခမ်းမြို့နယ် ပန်လော် နှင့် ဟိုနားရွာကို စစ်ကောင်စီတပ်က ပေါင်(၅၀၀)ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးငယ်တစ်ဦးအပါဒေသခံ(၅)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။ တအာင်းပြည်နယ်စစ်ဒေသ နမ့်ခမ်းမြို့နယ် ပန်လော်ကျေးရွာနှင် ဟိုနား(ကောင်းကပ်)ကျေးရွာသို့ စစ်ကောင်စီတပ်မှ ယမန်နေ့ဒီဇင်ဘာလ (၇)ရက်နေ့နံနက်ပိုင်းတွင် ပေါင်(၅၀၀)ရှိသောဗုံးဖြင့် အသုံးပြုတိုက်ခိုက်သောကြောင့် ကလေးငယ်တစ်ဦးအပါအဝင် (၅)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLAက ဒီဇင်ဘာလ (၇)ရက်နေ့တွင်…

စက်သုံးဆီများ နှင့် မီးဖိုဆောင်သုံး ဂက်စ်(Gass)များပြတ်လပ်သဖြင့် ဒေသခံများ သွားလာရေးနှင့် စားဝတ်နေရေး အခက်အခဲဖြစ်ရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၈၊၂၀၂၃ အင်းလေးဒေသတွင် စက်သုံးဆီများ နှင့် မီးဖိုသုံးဂက်စ်(Gass)များ ပြတ်လပ်နေသဖြင့် ဒေသခံများ သွားလာရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်ရကြောင်း ဒေသခံတစ်ဦ်းက ပြောဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် စက်သုံးဆီများ နှင့် မီးဖိုဆောင်သုံး ဂက်စ်(Gass)များပြတ်လပ်ပြီး ဝယ်ယူရန်အခက်အခဲရှိနေသောကြောင့် ဒေသခံများ သွားလာရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်ရကြောင်း အင်းလေးဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ “ဟုတ်တယ်၊ ဆီ(စက်သုံးဆီ)တွေပြတ်နေတာ။…

တောင်ကြီး-ဟိုပုံးလမ်းတွင် မော်တော်ပီကယ်က အိမ်စီးကားများကို လိုင်စင်စစ်ငွေညစ် ဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၇၊၂၀၂၃ တောင်ကြီး- ဟိုပုံးလမ်းမပေါ်တွင် မော်တော်ပီကယ်အဖွဲ့က ပြည်သူစီးနှင်သွားလာသည့် အိမ်စီးကားများကို လိုင်စင်စစ် ငွေညစ်မှုပြုလုပ်နေကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး- ဟိုပုံးလမ်းမပေါ် ယမန်နေ့ ဒီဇင်ဘာ(၆)ရက်နေ့ ညနေပိုင်း(၃)နာရီ အချိန်တွင် မော်တော်ပီကယ်အဖွဲ့က ပြည်သူစီးနှင်သွားလာသည့် အိမ်စီးကားများကိုတားပြီး လိုင်စင်စစ် ငွေညစ်မှုပြုလုပ်နေသဖြင့် သွားလာသည့် ပြည်သူများ စိတ်အနှောက်အယှက်ဖြစ်နေရကြောင်း ကိုယ်တိုင်ကြုံတွေ့သူတစ်ဦးထံမှ သိရသည်။ စီးလာသည့်ကားများကို ယာဥ်မောင်းလိုင်စင်ရှိပါသော်လည်း…

လောက်ကိုင်မြို့၏ အဓိကကျသည့် Hight Point တာရင်တောင်ကို MNDAA သိမ်းပိုက်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၇၊၂၀၂၃ ကိုးကန့် ဒေသ လောက်ကိုင်မြို့ တုန်ချိန်ရပ်ကွက်၏ တောင်ဖက်ခြမ်းတွင် အရေးပါသည့် Hight Point တာရင်တောင်ကို MNDAA က သိမ်းပိုက်နိုင်ခဲ့ကြောင်း The Koekang က ဖော်ပြထားသည်။ တာရင်တောင်သည် စစ်ကောင်စီလောက်ကိုင် မီးရှင့်ကုတ် ဒကစ နေရာ နှင့် တိုက်ရိုက်အကွာအဝေး(၂) မိုင်ခန့်သာရှိပြီး လောက်ကိုင်မြို့ကို တိုက်ရိုက်ရှုမြင်နိုင်ကြောင်း ဆိုထားသည်။…

စစ်ကောင်စီ၏ မိုင်းဝီးတပ်စခန်းနှင့် မိုင်းလုံတပ်စခန်း ကို TNLA ထပ်မံသိမ်းပိုက်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၆၊၂၀၂၃ တအာင်းပြည်နယ်စစ်ဒေသအတွင်း ကျောက်မဲမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်း(၂)ခုကို တအာင်းတပ်မတော် PSLF/TNLAက ထပ်မံသိမ်းပိုက်ရရှိကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ မိုင်းတီးတပ်စခန်းနှင့် ကျောက်မဲမြို့နယ်ရှိ မိုင်းလုံတပ်စခန်းကို ယမန်နေ့ ဒီဇင်ဘာလ(၅)ရက်နေ့တွင် PSLF/TNLA က ထပ်မံသိမ်းပိုက်ရရှိကြောင်း TNLAက ယနေ့ဒီဇင်ဘာလ(၆)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ မိုင်းလုံတပ်စခန်းကို…

ညောင်ရွှေတွင် စစ်ရှောင် ၁၂၅၀၀ အထိ တိုးလာပြီး စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများ လိုအပ်နေ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၆၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင်နေရပ်စွန့်ခွာပြီး လာရောက်ခိုလှုံသည့်စစ်ရှောင် ၁၂၅၀၀ ကျော် အထိရှိပြီး စားနပ်ရိက္ခာများနှင့် နေရာထိုင်ခင်းများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးထံမှ သိရသည်။ ညောင်ရွှေမြို့ပေါ် ရှိ စစ်ရှောင်စခန်း(၁၆)ခုနှင့်‌ ကျေးရွာဖက်ရှိ ဘုန်းကြီးကျောင်းများတွင် စစ်ရှောင်များအပြည့်ရှိကြောင်း သိရသည်။ ” ကျွန်တော်တို့ မြို့အနေအထားနဲ့ လက်ခံနိုင် သ လောက် လက်ခံတယ်။ ဒီမနက်လည်း အများကြီး…

ကျောက်မဲတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက် ကြီး‌‌ကြောင့် နေအိမ်တစ်လုံး၊ ကားတစ်စီး ပျက်စီး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၆၊၂၀၂၃ ကျောက်မဲမြို့တွင် စစ်ကောင်စီပစ်ခတ်သည့်လက်နက်ကြီးကျရောက်ပေါက်သဖြင့် ဒေသခံနေအိမ်တစ်လုံး နှင့် ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း TWO က ထုတ်ပြန်ထားပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ တိလင် ၉ ရက်ကွက် ငြိမ်းချမ်းရေးကုန်းဘုရားအနီးတွင် စစ်ကောင်စီပစ်ခတ်သည့်လက်နက်ကြီးကျရောက်ပေါက်ပြီး ဒေသခံနေအိမ်တစ်လုံးနှင့် ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း Ta’ang Wonen’s Organization -TWO ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ ဒီဇင်ဘာ…

ဆီဆိုင်တွင် ထောက်ခံစာပါမှ ဓါတ်ဆီ ရောင်းပေး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၈၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အတွင်း ဓါတ်ဆီဝယ်ယူရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှသာ ဆီများကို ရောင်းချပေးကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာ ၄ ရက်နောက်ပိုင်းမှစပြီး ဒေသခံများ ဓါတ်ဆီဆိုင်သို့ ဆီဝယ်သည့်အခါ ထောက်ခံစာ ပြမှသာ ဆီဝယ်ခွင့်ရှိကြောင်း ဆိုသည်။ “ဆီကို ပုံးလိုက် ဝယ်တဲ့လူ‌တွေ၊ သူတို့မသိတဲ့လူတွေဆို ထောက်ခံစာပါမှ ရောင်းပေးတာ။ ဆီဆိုင်ဖွင့်တာကလည်း ၁၁…

တောင်ကြီးတွင် လောင်စာဆီဈေးနှုန်းမြှင့်တက်လာပြီး ဆိုင်အချို့တွင် ဆီပြတ်လပ်နေ

ခမ်းသားငေါဝ် ဒီဇင်ဘာ ၆၊၂၀၂၃ လောင်စာဆီဈေးနှုန်း မြှင့်တက်လာပြီးနောက် တောင်ကြီးမြိုရှိ ဓာတ်ဆီဆိုင်များတွင် အကန့်အသက်ဖြင့်ရောင်းချသဖြင့် ပြည်သူများအခက်အခဲဖြစ်နေရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အပါအဝင် အနီးအနားရှိကျေးရွာများတွင်လည်း လောင်စာဆီ ဈေးတက်သည့်အပြင် ဆိုင်အချို့တွင်ဆီပြတ်လပ်နေပြီး အလုံအလောက်မရရှိဘဲ အကန့်အသက်ဖြင့်သာ ရောင်းချနေကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။ “ဒီမနက် BOC မှာ လူတွေပြည့်နေတော့ 95 သွားထည့်တာ…

You missed