Month: December 2023

ပအိုဝ်းနှစ်သစ်ကူးနေ့ကို ကရင်ပြည်နယ်၊မွန်ပြည်နယ် နှင့် ပဲခူးတိုင်းတွင် ကျင်းပ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၃၊၂၀၂၃ ပအိုဝ်းနှစ်သစ်ကူးနေ့ကို ပအိုဝ်းတိုင်းရင်းသားအများစု နေထိုင်သည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ပဲခူးတိုင်းတွင်ကျင်းပခဲ့ကြောင်း သိရသည်။ ယနေ့ မြန်မာလ နတ်တော်လဆန်း ၁ ရက်နေ့ကို ၂၇၁၅ နှစ်မြှောက် ပအိုဝ်းနှစ်သစ်ကူး နေ့ဖြစ်ပြီး…

နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ(၁)ဦးသေဆုံးပြီး နေအိမ်(၁၆)လုံးပျက်စီး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၃၊၂၀၂၃ နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ(၁)ဦးသေဆုံးပြီး နေအိမ်(၁၆)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းတပ်မတော် PSLF/TNLA ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းမြောက် နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး စေတီပုထိုး၊ နေအိမ်များ…

ထီရီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး ကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၃၊၂၀၂၃ ထီရီးကျေးရွာအနီးတွင် တိုက်ပွဲထပ်မံဖြစ်ပွားမှုရှိနေပြီး ရွာသူရွာသားများက ကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ထီရီးကျေးရွာတောင်ဘက်ရှိ ဆောင်းနန်းခဲတွင် ပြီးခဲ့သည့်နှစ်ရက်အတွင်း တိုက်ပွဲထပ်မံဖြစ်ပွားနေပြီး ဒေသခံရွာသူ/သားများက…

တပ်မတော်သားများအနေဖြင့် စစ်ကောင်စီဘက်ရပ်တည်မည့်အစား ပြည်သူဘက်ရပ်တည်ရန် IEC ဥက္ကဌပြော

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၃၊၂၀၂၃ ကယား(ကရင်နီ)ပြည်အတွင်းရှိ တပ်မတော်သားများနှင့် ဝန်ထမ်းများအားလုံး ယနေ့တိုင်းပြည် အခက်ခဲဆုံးအခြေနေ ရောက်ရှိသည့်အချိန်တွင် စစ်ကောင်စီဘက် ရပ်တည်မည့်အစား ပြည်သူဘက်ကို ရပ်တည်ကြရန် ထပ်လောင်းတိုက်တွန်းကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၏ ဒု-ဥက္ကဌခွန်း ဘီထူးက ပြောသည်။ ကရင်နီပြည်…

ပလက်ဝမြို့ရှိ စစ်ကောင်စီ၏ နှုံးဘူးဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်(AA)ထပ်မံသိမ်းပိုက်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၂၊၂၀၂၃ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ် “နှုံးဘူးဗျူဟာကုန်း”ကို ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ် အခိုင်အမာအထိုင်ချထားသည့် “နှုံးဘူးဗျူဟာကုန်း”ကို ရက္ခိုင့်တပ်တော်(AA)က ဒီဇင်ဘာလ ၁၀ ရက်နေ့…

ဆီဆိုင်ဈေးအနီး ကားကြိတ်နှင်းမိသည့် ကလေးငယ်တစ်ဦး ဆေးကုသမှုခံယူနေရပြီး ကုသရန်စရိတ်အခက်အခဲရှိနေ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၂၊၂၀၂၃ ဆီဆိုင်ဈေးအနီး ကားကြိတ်နှင်းမိသည့် တိုက်ပွဲရှောင် မိသားစုမှ ကလေးငယ်တစ်ဦးသည် ဆေးကုသမှုခံယူနေရပြီး ကုသရန်စရိတ်မရှိသည့်အတွက် အခက်အခဲဖြစ်နေရကြောင်း မိသားစုများထံမှ သိရသည်။ ဒီဇင်ဘာ ၇ ရက်နေ့ မနက်ပိုင်း ၁၀ နာရီအချိန်တွင် ဆီဆိုင်မြို့…

ဗန်းမောက်ကျေးရွာအနီး တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး ဒေသခံများတောင်သူများ ခြံမသွားရဲ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၂၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း-ဖယ်ခုံ နယ်စပ်ရှိ ဗန်းမောက်ကျေးရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများ ခြံယာမသွားရဲ ဖြစ်နေရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ဗန်းမောက် ကျေးရွာအနီးတစ်ဝိုက် ပြီးခဲ့သည့်နိုဝင် ဘာလတွင် တိုက်ပွဲအနည်းငယ်ဖြစ်ပွားပြီး‌နောက် ဖယ်ခုံရှိ စစ်ကောင်စီတပ်က…

လက်နက်ကြီးနှင့်မိုင်းထိလူနာ များလာသည့်ကွတ်ခိုင်ပြည်သူ့ဆေးရုံတွင် ဆေးဝါးများပြတ်လပ်မည်ကို စိုးရိမ်နေရ ဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၂၊၂၀၂၃ ကွတ်ခိုင်ပြည်သူ့ဆေးရုံတွင် မိုင်းထိလူနာများ၊ လက်နက်ကြီးထိလူနာများ များလာသဖြင့် ဆေးဝါးများပြတ်လပ်မည်ကို စိုးရိမ်နေရကြောင်း ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အတွင်းရှိ ကုတင်(၁၀၀)နှင့် အရံကုတင်(၂၅)ခန့်ရှိသည့်ကွတ်ခိုင်ပြည်သူ့ဆေးရုံတွင် ရှမ်းမြောက်စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း ယနေ့အထိ မိုင်းထိလူနာများ၊ လက်နက်ကြီးထိလူနာများ၊…

ဟိုပုံးမြို့နယ်တွင် ငွေကျပ်တစ်ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water)များ ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၂၊၂၀၂၃ ဟိုပုံးမြို့နယ်တွင် ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water)များ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ရွာသစ်ကျေးရွာအနီး ‌တောင်ကြီး-လွိုင်လင်သွား ကားလမ်း ပေါ်တွင် ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများအား…

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တက်လာသဖြင့် တောင်သူများအခက်အခဲကြုံ‌တွေ့ရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၂၊၂၀၂၃ စစ်တပ်အာဏာသိမ်းပြီး ၃နှစ်တာအတွင်း စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တက်လာပြီး စက်မှုဖြင့် တောင်ယာလုပ်ကိုင်သည့် တောင်သူများအခက်အခဲကြုံ‌တွေ့ရကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဒေသခံအများစုသည် ပြောင်း၊ ကြက်သွန်ဖြူ၊ စပါးများကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြရပြီး စိုက်ပျိုးချိန်တွင် စက်ဖြင့်ထွန်ယက်ခြင်းများ၊…