Month: December 2023

နမ့်ခမ်းစခန်းသစ်ကုန်းကို ပို့ဆောင်သည့်စစ်ကောင်စီ စစ်ကူTNLAတိုက်ခိုက်ပြီး အရာရှိများဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၇၊ ၂၀၂၃ နမ့်ခမ်းစခန်းသစ်ကုန်းမကျဆုံးဖို့အတွက် စစ် ကောင် စီမှပို့လိုက်သည့် စစ်ကူများထဲမှ ဗိုလ်မှူးအဆင့်အပါအဝင် စစ်သုံ့ပန့်များ ဖမ်းဆီးရမိကြောင်းသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ နမ့်ခမ်းစခန်းသစ်ကုန်း မကျဆုံးရန်အတွက် စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် စစ်ကူများ ပို့ဆောင်လိုက်သည့် စစ်ကူအင်းအားများကို TNLA မှ လိုက်လံတိုက်ခိုက်ရာဗိုလ်ကြီးအဆင့်ရှိသူသေဆုံးပြီး ၄ ဦးကိုအရှင်ဖမ်းဆီးရမိကြောင်း ဒီဇင်ဘာ၁၆ ရက်နေ့က TNLA ထုတ်ပြန်ထားသည်။…

နမ့်ဆန်မြို့သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးနှင့်လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား လေးဦး သေဆုံး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၆၊၂၀၂၃ နမ်ဆန်မြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီးနှင့်လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်မြှောက်ပိုင်း နမ်ဆန်မြို့ကို တအာင်းတပ်မတော် TNLAက သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရသိရသည်။ နမ်ဆန်မြို့ကို…

ကွက်ခိုင်တွင် စစ်ကောင်စီတပ်သားများက အရပ်သား၂ ဦးကို ဝိုင်းပစ်ခတ်ပြီး သေဆုံး

ခမ်းသားငေါဝ်း၊ ဒီဇင်ဘာ ၁၆၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အတွင်း စစ်ကောင်စီတပ်သားမှ အရပ်သား၂ ဦးကို ဝိုင်းပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ‌ ဒေသခံအမျိုးသားတစ်ဦးထံမှ သိရသည်။ ဒီဇင်ဘာ ၁၅ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် ကွတ်ခိုင်မြို့ ရပ်ကွက်(၂) ထူးချွန်ကိုယ်ပိုင်ကျောင်း အနီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သား ၂ဦးကို ဝိုင်းပစ်ခတ်ပြီး သေဆုံးခဲ့ကြောင်း ဆိုသည်။…

ရွာငံမြို့အဝင်ရှိ စစ်ကောင်စီဂိတ်တွင် ဖြန်သန်းသွားလာပြည်သူများကို ငွေအလွန်အကျွံတောင်းခံနေသဖြင့် ဒေသခံများအခက်ခဲကြုံတွေ့ရ ဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၆၊၂၀၂၃ ရွာငံမြို့အဝင်ရှိ စစ်ကောင်စီဂိတ်တွင် ဖြန်သန်းသွားလာပြည်သူများကို ငွေအလွန်အကျွံတောင်းခံနေသဖြင့် ဒေသခံများ အခက်ခဲများကြုံတွေ့ရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့အဝင်ရှိ စစ်ကောင်စီဂိတ်တွင် ဖြန်သန်းသွားလာပြည်သူများကို ငွေအလွန်အကျွံတောင်းခံနေသဖြင့် ဒေသခံများ အတွက် အခက်ခဲများကြုံတွေ့ရကြောင်း ဒေသခံတစ်ဦးက ယနေ့တွင် ပြောဆိုသည်။ အဆိုပါဂိတ်တွင် ဖြတ်သန်းသွားသည့်ဒေသခံများကို ဆိုင်ကယ်ကအစ စစ်ဆေးပြီး မှတ်ပုံတင်မပါသူများအား ပိုက်ဆံတောင်းခြင်း၊ စကားရစ်ခြင်းနှင့် တိုင်ရင်းသားအမျိုးသမီးငယ်များကို ထိကပါး…

ရပ်ရွာဖွံ့ဖြိုးရေးအတွက်မိမိရပ်ရွာနေလူထုကိုယ်တိုင် ပြုလုပ်နိုင်ရန် ထိုင်းဖောင်ဒေးရှင်းက စွမ်းရည်မြင့်တင်ပေး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၆၊ ၂၀၂၃ ပြည်သူများကိုယ်တိုင်ဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံ Foundation For Older Person’s Development က ရွာထိလာရောက်စွမ်းရည်မြင့်တင်မှုပြုလုပ်ပေးခဲ့ကြောင်းသိရသည်။ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မြို့နယ်၊ ဟွေးမခွိုသိုမ်းပအိုဝ်းရွာတွင် သက်ကြီးရွယ်အိုနှင့် ကလေးများ ကျန်းမာရေး၊ နေထိုင်ရေးအဆင်ပြေစေရန် ဖောင်ဒေးရှင်းအဖွဲ့က ရပ်ရွာနေလူထုကိုယ်တိုင် Project ရေးဆွဲလုပ်ဆောင်ခြင်းကို ကူညီပေးခဲ့ကြောင်းသိရသည်။ “ပိုက်ဆံပဲပေးရင် ဒီအတိုင်းပြီးသွားမယ် ပညာတွေ ပေးတော့သူတို့ ဆက်လက်ပြီးလုပ်ဆောင်တတ်လာမယ်။…

နောင်ဝိုးကျေးရွာရောက်စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၅၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ၊ပင်လောင်းမြို့နယ် နောင်ဝိုးကျေးရွာရောက် စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်တစ်ဦးထံမှ သိရသည်။ အဆိုပါစစ်ရှောင်များသည် ကျေးရွာအတွင်း စီစဉ် ပေးသောအိမ်များနှင့် ဘုန်းကြီးကျောင်းတွင် နေထိုင်ပြီး အကူအညီမရရှိ‌သေးကြောင်း သိရသည်။ “ခုက ပါလာတာနဲ့ နည်းနည်းစီ ချွေတာပြီး ချက်ပြုတ်နေတယ်။ ဒါကုန်သွားရင်တော့ ဘယ်လိုလုပ်ရမယ်မသိဘူး။ ပိုက်ဆံလည်းမရှိဘူးဆိုတော့ ပါလာတာကုန်သွားရင် ဘယ်လိုလုပ်ရမယ်မသိဘူး” ဟု…

ဝင်ငွေခွန်၂ ရာခိုင်နှုန်း ထမ်းဆောင်ရမည် ဆိုသည့်အချက် ပြည်ပရောက်အလုပ်သမားများအခက် ဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၅၊၂၀၂၃ ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းအလုပ်သမားများ အနေဖြင့် မိမိတို့ ဝင်ငွေထဲက အခွန်၂ ရာခိုင်နှုန်း ထမ်းဆောင်ရမည် ဆိုသည့်ထုတ်ပြန်ချက်ကြောင်း ပြည်ပရောက်အလုပ်သမားများအတွက် အခက်အခဲကြုံတွေ့‌စေရသည် ဟုသိရသည်။ ရှမ်းပြည်တစ်ဝန်းရှိ ဒေသခံပြည်သူများသည် ကိုဗစ်ကပ်ရောဂါကာလ နှင့် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းကာလ ပြည်တွင်းတွင် စီးပွါးရေး အလုပ်အကိုင်အခွင့်အလမ်းများရှားပါးလာပြီး ပြည်ပထွက် အလုပ်လုပ်ကိုင်လာသည့် ပြည်သူများပိုများပြားလာခဲ့ကြောင်း သိရသည်။ လက်ရှိတွင်…

မြကန်သာရေကန်ပတ်လည်ကို ဆိုင်ခန်းများဆောက်လုပ်ထားရှိခြင်းကြောင့် ကန်တွင်းရေများ ညစ်ညမ်းသွားမည်ကို ဒေသခံများ စိုးရိမ်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၄၊၂၀၂၃ ကန်အတွင်းရေများ ညစ်ညမ်းသွားမည်ကို ဒေသခံများစိုးရိမ်နေ ကြောင်း ဒေသခံများပြောဆိုချက်အရ သိရသည်။ ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ‌တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ အရှေ့မြို့ပတ်လမ်း‌ပေါ်ရှိ မြကန်သာရေကန်ကို ယခုအခါ အသစ်မွမ်းမံဆောက်လုပ်နေပြီး ရေကန်ပတ်လည်တွင် ဆိုင်ခန်းများဆောက်လုပ်ထားရှိခြင်းကြောင့် ကန်အတွင်းရေများ ညစ်ညမ်းသွားမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း တောင်ကြီးမြို့ဒေသခံများက ယနေ့ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် ပြောဆိုသည်။ မြကန်သာရေကန် အသစ်မွမ်းမံဆောက်လုပ်ခြင်းနှင့် ကန်ပတ်လည်တွင် ဆိုင်ခန်းများဆောက်လုပ်ထားရှိခြင်းများကို…

ကလေးများအပါအဝင် ပြည်သူ ၆၀ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး ဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၄၊၂၀၂၃ အသက်(၁၈)နှစ်မပြည့်သေးသည့်ကလေးများအပါအဝင် ပြည်သူ ၆၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ရက္ခိုင်ပြည်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ရက်နေ့ နှင့် ၁၂ရက်နေ့တွင် အသက်(၁၈)နှစ်မပြည့်သေးသည့်ကလေးများအပါအဝင် ပြည်သူ ၆၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း AA Info Dask မှ ယနေ့ဒီဇင်ဘာ ၁၄ ရက်နေ့တွင် လူနာမည်စာရင်း…

စစ်ကောင်စီတပ်မှ ပြည်သူလူထုနေရာများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ဒေသခံနေအိမ်များ ထိခိုက်ပျက်စီး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၄၊၂၀၂၃ စစ်ကောင်စီတပ်၏ ပြည်သူလူထုနေရာများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ဒေသခံနေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ရကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း စစ်ကောင်စီတပ်မှ ပြည်သူလူထုနေရာများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ဒေသခံနေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ရကြောင်းTNLA က ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ နမ့်ဆန်မြိုနယ်တွင် စစ်ကောင်စီ…

You missed