စားနပ်ရိက္ခာ သယ်ယူရေးအခက်ခဲကြောင့် စံကားဒေသ စစ်ရှောင်များစားနပ်ရိက္ခာ အရေးပေါ် လိုအပ်
ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၀၊ ၂၀၂၃ စားနပ်ရိက္ခာ သယ်ယူခွင့်ပိတ်ထားခြင်းကြောင့်ညောင်ရွှေမြို့နယ် စံကားဒေသသို့ရောက်ရှိလာသည့်စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ အခက်ခဲကြုံတွေ့နေရကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိစစ်ရှောင်များအတွက် ထောက်ပံ့ကူညီမှုများ မရှိသည့်အပြင် သွားလာရေးလည်း အလွန်ခက်ခဲကြောင်း ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ရှောင်ကူညီသူထံသိရသည်။ “ မှော်ဘီဂိတ်က ဘာပစ္စည်းမှကို မပေးဖြတ်ဘူး။ ဆီတို့ ဆန်တို့လည်း မရဘူး အခုဆိုရင် ရွာသားအချင်း ချင်းပဲ ကူညီပြီး…