ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၂၊၂၀၂၃
ဆီးခံရမှုကို လွတ်ပေးပါရန်နှင့် မဏိပူရပြည်နယ်အတွင်းခိုလှုံသူများကို ကူညီကာကွယ်ပေးရန် India For Myanmarက ယနေ့ဒီဇင်ဘာလ(၂၂)ရက်နေ့တွင် တောင်းဆိုထားပါသည်။
အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအပေါ် ဆိုးဝါးစွာသံသယဝင်နေမှုများကို လျှော့ချပြီး ဖမ်းဆီးခံရမှုကို အမြန်ဆုံးလွတ်ပေးပါရန်နှင့် မဏိပူရပြည်နယ်အတွင်းခိုလှုံသူများကို စနစ်တကျစာရင်းပြုစုကာ ကူညီကာကွယ်ပေးပါရန် India For Myanmarက မဏိပူရဝန်ကြီးချုပ် H.E.N Biren Singhထံသို့ တောင်းဆိုထားပါသည်။
လက်ရှိမြန်မာနိုင်ငံသည် စစ်ရေးပဋိပက္ခအခြေနေများကြောင့် မြန်မာနိုင်ငံသားများသည် အသက်လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှုများရရှိနိုင်ရန်အတွက် အိန္ဒိယနိုင်ငံ UNHCR-Indiaရုံး၏ ကူညီစောင့်ရှောက်မှုခံယူရန် မဏိပူရပြည်နယ်အား ဖြတ်ကျော်ကာ ဝင်ရောက်ခဲ့ကြကြောင်း ဆိုထားပါသည်။
လက်ရှိအချိန်တွင် မဏိပူရပြည်နယ်၌ Foreigner Act ဖြင့်အဖမ်းခံရသူ မြန်မာနိုင်ငံသား(၁၅၀)ဝန်း ကျင်ရှိကာ ထောင်အာဏာပိုင်များက (၂၀၂၃ခုနှစ်) ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် လွတ်ပေးမည်ဟု ကတိပြုထားသော်လည်း ယခုချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဖော်ပြထားပါသည်။
Foreigner Actဖြင့် ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားများအား ချွင်းချက်မရှိ အမြန်လွှတ်ပေးပါရန်နှင့် ဝန်ကြီးချုပ်အနေဖြင့် မြန်မာနိုင်ငံသားစစ်ဘေးရှောင်များအား မဏိပူရပြည်နယ်အတွင်း နေထိုင်ခွင့်မပြုလိုပါက မီဇိုရမ်ပြည်နယ်နှင့် UNHCR-India, နယူးဒေလီထံ၌ ခိုလှုံခွင့်ရရှိရန်အတွက် ပံ့ပိုးကူညီစေလိုကြောင်း India For Myanmarက တောင်းဆိုထားပါသည်။