ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၂၊၂၀၂၃
ဆောင်းပြောင်းမှ တောင်းကြီးဆေးရုံသို့ တက်လာသည့် လူနာတင်ကားတစ်စီး ပင်လောင်းမြို့နယ်တွင် ဓားပြတိုက်ခံရကြောင်း ကိုယ်တိုင်ကြုံတွေ့သူပြောပြချက်အရ သိရသည်။
ဒီဇင်ဘာ၂၀ ရက်နေ့ ည ၈ နာရီအချိန်တွင် အဆိုပါ လူနာတင်ကားသည် ဆောင်းပြောင်းမှ တောင်းကြီးဆေးရုံသို့ တက်လာသည့် ဒေသခံကားဖြစ်ပြီး ပင်လောင်းမြို့နယ် ကောင်ဗာ၊ ထီဗိရွာအကျော် လယ်ကွင်းအနီးတွင် ဓားပြတိုက်ခံရခြင်း ဖြစ်သည်။
ဓားပြအဖွဲ့များသည် Hondafit ကားအဖြူရောင်မောင်းနှင်ပြီး လူ ၅ ယောက်ပါရှိကာ သေနတ်၊ ဓါးများကိုင်‌ဆောင်ကြကြောင်း သိရသည်။
“ကျွန်တော်တို့လူနာက ဆောင်းပြောင်းဆေးရုံမှာ မရနိုင်တေ့ာလို့ တောင်ကြီးဆေးရုံကို လွဲပြောင်းတာ ညလည်းသိပ်မနက်သေးပါဘူး ၈ နာရီအချိန်ဘဲရှိသေးတယ် လူနာလည်းပါတော့ ဘားမှပြန်မခုခံရဲဘူး။ဖုန်း၊ ရွှေ၊ ငွေတစ်ချို့ကားလိုင်စင်၊ မှတ်ပုံတင်တွေကို ဓားပြတွေက ယူသွားပါတယ်။ “ဟု ကိုယ်တိုင် ကြုံတွေ့သူ အမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ဓားပြအဖွဲ့များသည် အသက် ၃၀ အရွယ်ဝန်းကျင် လူငယ်များဖြစ်ကြပြီး ၎င်းတို့တွင် ပအိုဝ်းစကားပြောဆိုကြကြောင်း သူက ဆက်ပြေသည်။
ပင်လောင်းမြို့နယ်သည် PNO ပြည်သူ့စစ် ထိန်းချုပ်ရ နယ်မြေဖြစ်ပြီး ဒေသတွင်းတွင် ဓားပြတိုက်မှု၊လုယက်မှုများ နှင့် ရာသီ သီနှံများထွက်ရှိချိန်တွင်လည်း ခြံရှိသီးနှံ့များ ခိုးယူမှုများ ဆက်တိုက်ဆိုသလို ကြုံတွေ့ နေရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းတွင် အလုပ်အကိုင်များရှားပါးလာပြီး စီးပွါးရေးကြပ်တည်းလာကာ လုယက်မှုများ၊ ဓါးပြတိုက်မှုများ၊ ခိုးမှုများ ပိုမိုများပြားလာသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed