ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၅၊ ၂၀၂၃
ဖယ်ခုံသို့ ပြောင်းဖူးပြန်သယ်သည့် စစ်ရှောင်ပြည်သူများ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်​ခြင်းကြောင့် ယာဉ်မောင်းတစ်ဦးနှင့် လိုက်ပါလာသူ တစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဗန်းမောက်ဒေသခံ တစ်ဦးပြောပြချက်အရသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် – ဖယ်ခုံနယ်စပ်ရှိ ဗန်းမောက်ကျေးရွာဆိုင်းဘုတ်အနီးတွင်ဒီဇင်ဘာ ၂၀ ရက်က စစ်ရှောင်များ မိမိနေရပ်၌ စိုက်ပျိုးထားသည့် ပြောင်းကိုပြန်သယ်ယူရာ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်လိုက်သည့်အတွက် canter ကား ၁၄ ပေ ကိုထိမှန်ပြီး လိုက်စီးလာသူ နှင့် ယာဉ်မောင်း နှစ်ဦးသေဆုံးသွားကြောင်းသိရသည်။
“မနက်ပိုင်းသွားသယ်တဲ့ချိန်ဘာမှ မဖြစ်ဘူး သူများက မပေးပြန်ဘူး သူတို့ကပြန်တာ ပင်လောင်း – ဖယ်ခုံ မိန်းလမ်းမကြီးသွားတဲ့လမ်းဘေးက ရွာအဝင် ဗန်းမောက်ဆိုင်းဘုတ်ရှေ့ရောက်တော့ လက်နက် ကြီးနဲ့ ကိုပစ်တာခံရတာ ၂ ဦးကပွဲချင်းသေသွားတယ်။ “ ဟုဗန်းမောက် ဒေသခံတစ်ဦး ကခမ်းသားငေါဝ်းကိုပြောသည်။
လက်ရှိပင်လောင်းမြို့နယ်မှ နေပြည်တော်သို့သွားသည့် လမ်းမကြီးအနီး ရင်းမှီးကျေးရွာတွင် စစ်ကောင်စီကတပ်စွဲ စခန်းချထားကြောင်းသိရသည်။
ပင်လောင်းဒေသခံတစ်ဦးကလည်း “ဖြစ်တဲ့အချိန် ဘယ်သူမှသွားမကြည့်ရဲကြဘူး။ တိုက်ပွဲလည်းမဖြစ်ဘူးတမင်သက်သက်ကို ပစ်တာဗျာ့၊ ပင်လောင်းမြို့ကနေ နေပြည်တော်ကို သွားဖို့ အဲနားစစ်ကောင်စီ ဂိတ်ရှိတယ်။ ဖြတ်သန်းသွားလာဖို့မလွယ်ဘူး။” ဟု ဒေသခံတစ်ဦးကပြောသည်။
သေဆုံးသွားသည့်စစ်ရှောင်သည် ပင်လောင်း ဘက်တွင် စစ်ရှောင်လာသူဖြစ်ပြီးစားဝတ်နေရေးလိုအပ်ချက်အရ စိုက်ပျိုးထားသည့်ပြောင်းကိုပြန်သယ်ယူရာမှယခုလိုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယခုအချိန်ထိ ပင်လောင်းမြို့ – ဖယ်ခုံမြို့နယ် နယ်စပ်ရှိဗန်းမောက်ရွာတွင် ဖုန်းလိုင်းများဖြတ် တောက်ခံထားသည့်မှာ ၃ ပတ်အတွင်းရှိပြီဖြစ်သည်။
ဒေသတွင်းအခြေအနေများကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရန်ခက်ခဲ့သည့်အပြင် လက်ရှိ ပင်လောင်းမြို့နယ်ရှိ ဗန်းမောက်ရွာတောင်ဘက် ဖယ်ခုံမြို့အတွင်းတွင် နေ့စဉ်လိုလို သေနတ်ပစ်ခတ်သံများ ကြားနေရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *