ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၃၊၂၀၂၃
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် (၁၅‌)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရသိရသည်။
ရှမ်းမြောက် မန်တုံမြို့တွင် တအာင်းတပ်မ‌တော် PSLF/TNLA နှင့် စစ်ကောင်စီတပ်တို့ ဒီဇင်ဘာလ(၁၉)ရက်နေ့မှ ဒီဇင်ဘာလ(၂၂)ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားနေအိမ်(၁၅)လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ယနေ့ဒီဇင်ဘာလ(၂၃) ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၄၃)ကြိမ်၊ Y12 လေယာဥ်ဖြင့် (၁၈၃)ကြိမ်၊ စစ်ကောင်စီ၏ (၁၀၃)စခန်းမှ လက်နက်ကြီးဖြင့် (၁၃၇) အကြိမ် ပစ်ခတ်တိုက်ခိုက်သောကြောင့် မန်တုံမြို့ရှိ ဒုက္ခသည်စခန်း၊ လွယ်ကန်ကျေးရွာ၊ မန်တုံမြို့တွင်းနှင့် အနီးတဝိုက်တွင် ကျရောက်ပေါက်ကွဲခဲ့သည် ဟု ဆိုထားပါသည်။
စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မန်တုံမြို့၊ လွယ်ကန်ကျေးရွာ နှင့် ဒုက္ခသည်စခန်းရှိ မီးတိုင်များ ကျိုးကျပျက်စီးခဲ့ပြီး အရပ်သားနေအိမ်(၁)လုံးမီးလောင်ကာ ဘုန်းကြီး ကျောင်းအပါအဝင် ဒေသခံနေအိမ်(၁၅)လုံး ထိခိုက်ပျက်စီးခဲ့သလို မန်တုံမြို့ ဒေသခံအမျိုးသမီး တစ်ဦးကိုလည်း လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့သည် ဟု သိရသည်။
ကွတ်ခိုင်မြို့နယ်၊ လွယ်ပယ်စုကျေးရွာအတွင်း ဒီဇင်ဘာလ(၂၁)ရက်နေ့ နေ့လည်(၃)နာရီအချိန်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ မိုင်းအလေဝ်း အသက်(၂၅)နှစ် သေဆုံးဆုံးခဲ့ပြီး အသက်(၂၄)နှစ်လွေးအိုဆွေ၊ အသက်(၅၅)နှစ် ဦးအိုက်ကမ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် PSLF/TNLAက ထုတ်ပြန်ထားပါသည်။
ပုံ-PSLF/TNLA

Leave a Reply

Your email address will not be published. Required fields are marked *