ခမ်းသားငေါဝ်း၊
ဒီဇင်ဘာ ၁၇၊ ၂၀၂၃
စစ်ကောင်စီ သတင်းပေးဟု နာမည်ထွက်သည့် အင်းလေးဒေသ မင်းချောင်းရွာနေပျူစောထီး ၂ ဦးပစ်သတ်ခံရကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတောင်ဘက် မင်းချောင်းရွာအတွင်းနေပျူစောထီး၂ ဦးသည် ရွာပြင်ဘက် လမ်းမပေါ်တစ်နေရာ၌ ဒီဇင်ဘာ ၁၆ ရက်က သေနတ်နှင့် ပစ်သတ်ရှင်းလင်းခံခဲ့ရကြောင်းဒေသခံအမျိုးသားတစ်ဦးထံမှသိရသည်။
“ပျူစောထီး နှစ်ယောက် လာရှင်းသွားတယ်လို့တော့ ကြားမိတယ်ပြန်စုံစမ်းဖြစ်တာတော့ ။ မင်းချောင်းဘက် လူပြောများတဲ့ သတင်းပေးတွေပေါ့၊ အဲ့လမ်းမပေါ်မှာ အနီးကပ် လာပစ်သွားတယ် ဆိုင်ကယ်နဲ့၊ မနေ့ညက ၆ နာရီ ၇ နာရီဝန်းကျင်လောက်ကပါ ။ ဘယ်အဖွဲ့ကလာပစ်သွားတာလည်းတော့မသိဘူး ၊ သေနတ် ၆ချက်နဲ့ သတ်လိုက်တယ်ဆိုတဲ့သတင်းတော့ကြားလိုက်တယ် ရွာထဲမှာတော့ မဟုတ်ဘူး ရွာပြင်မှာ။”ဟုအမည်မဖော်လိုသူအမျိုးသားတစ်ဦးကပြောသည်။
ပျူစောထီး နှစ်ယောက်စလုံးသည် ကရင်နီပြည်မှ လာသောစစ်ရှောင်ပြည်သူများကို လက်မခံရန်ပြောဆိုသောအုပ်စုတွင် ပါဝင်လှုပ်ရှားနေပြီး ထိုသို့ရှင်းလင်းခံရပြီးနောက် တစ်ညထဲ ၁၀ နာရီအချိန်တွင် ၎င်းအလောင်းကို စစ်တပ်ကသယ်သွားခဲ့ကြောင်းသူဆက်ပြောသည်။
ထို့အပြင် ယခုလို ဒလန်လုပ်နေသည့် သူကို ပစ်သတ်ရှင်းလင်းခံရခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့များမှ သန်းထောင်ရွာသို့ စစ်ကား ၆ စီးနှင့် လုံခြုံ ရေးချပြီး အသွားအလာတင်းကြပ်စစ်ဆေးမှုပြုလုပ် နေကြောင်းသိရသည်။
“ဒီမှာ ကသိတယ်မလား၊ အဲ့လိုကိစ္စဆို လိုင်းပေါ်တွေဘာညာ မတင်ရဲကြဘူး။ ဒီမှာက မလုံခြုံဘူးဖြစ် နေတော့ တော်ရုံတန်ရုံနဲ့ မပြောရဲမဆိုရဲကြဘူးလေ။ ဒါမျိုးကိစ္စက သူတို့ပြောမှာလည်း မဟုတ်ဘူးလေနော်”ဒေသခံ တစ်ဦး ကဆိုသည်။
ထိုသို့ ပျူစောထီးများ ဒလန်များကို ရှင်းလင်းပစ်ရာတွင် ညချိန်ဖြစ်သည့်အတွက် ဒေသခံများကို မှားပြီး သတ်မိမည်ကို အနီးနားပတ်ဝန်းကျင် ကျေးရွာ ခံပြည်သူများက စိုးရိမ်နေရကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *