ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၆၊၂၀၂၃
ရွာငံမြို့အဝင်ရှိ စစ်ကောင်စီဂိတ်တွင် ဖြန်သန်းသွားလာပြည်သူများကို ငွေအလွန်အကျွံတောင်းခံနေသဖြင့် ဒေသခံများ အခက်ခဲများကြုံတွေ့ရကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့အဝင်ရှိ စစ်ကောင်စီဂိတ်တွင် ဖြန်သန်းသွားလာပြည်သူများကို ငွေအလွန်အကျွံတောင်းခံနေသဖြင့် ဒေသခံများ အတွက် အခက်ခဲများကြုံတွေ့ရကြောင်း ဒေသခံတစ်ဦးက ယနေ့တွင် ပြောဆိုသည်။
အဆိုပါဂိတ်တွင် ဖြတ်သန်းသွားသည့်ဒေသခံများကို ဆိုင်ကယ်ကအစ စစ်ဆေးပြီး မှတ်ပုံတင်မပါသူများအား ပိုက်ဆံတောင်းခြင်း၊ စကားရစ်ခြင်းနှင့် တိုင်ရင်းသားအမျိုးသမီးငယ်များကို ထိကပါး ရိကပါးပြုမူခြင်းများ ပြုလုပ်ကြောင်း ဆိုသည်။
“မှတ်ပုံတင်မပါတဲ့လူဆို ၅၀၀၀ ကျပ်/၈၀၀၀ ကျပ်တောင်းတယ်။ ဆိုင်ကယ်ဘောက်တွေ၊ အိတ်ကပ်ထဲကအစ အကုန်စစ်တယ်။ ဈေးတောင်မသွားရဲတော့ဘူး”ဟု ကိုယ်တိုင်ကြုံတွေ့ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကောင်စီလက်အောက်ခံအဖွဲ့သည် ဂိတ်မဟုတ်သည့် လမ်းဆုံလမ်းခွနေရာများတွင်လည်း ရှောင်တခင်စစ်ဆေးမှုများ မကြာခနပြုလုပ် နေပြီး ငွေကြေးအလွန်အကျွံတောင်းခံမှုများရှိနေကြောင်း ဆိုသည်။
“ရွာငံ နယ်ခြား မှာလည်းစစ်တယ်။ ရွာငံအထွက်မှာလည်း စစ်တယ်။ တစ်ခါတစ်ခါဆို ရေဦးစျေးအထိဆင်းစစ်တယ်။ လက်ပံပင်တောင်ဖက် ဆီပန့်ဆိုင်နားလည်းစစ်တယ်။သူတို့က တစ်နေရာဆိုလည်း အင်အား ၁၀ ကျော်ဝန်းကျင် စောင့်ပြီးစစ်တယ်”ဟု ၎င်းက ဆက်ပြောသည်။
ရွာငံမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက လုံခြုံးရေး နေရာအများအပြား ချထားပြီး ဓနုလူငယ် ၁၀ ဦးထက်မနည်း PDF ဟုစွပ်စွဲပြီး ဖမ်းစီးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *